အခန်း ၅၀

5K 950 28
                                    

Raising You This Small Stuff

Unicode

အခန်း ၅၀: ဖွင့်ဟဝန်ခံခြင်း

အိမ်အပြန်လမ်းတွင် ယွမ်းစွော်က  ဂိမ်းထဲသို့ ပြန်ရောက်သွားပြီဖြစ်ပြီး ကျောင်းသွားဖို့အတွက် သူ့ပစ္စည်းတွေကိုလည်း ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ သူက အိပ်ရာမဝင်ခင် စာဖတ်ဖို့ 'Uncle Tom's Cabin'မိတ္တူကို ကိုင်ထားရင်း လက်ရှိတွင် အိပ်ရာပေါ်၌ ရှိနေခဲ့သည်။

ရက်အတော်ကြာအောင် စာဖတ်ပြီးနောက် စာအုပ်များမှတစ်ဆင့် ကမ္ဘာကြီးကို ပိုမိုနားလည်နိုင်ပြီး  သူ့ရဲ့ အသိဉာဏ်ပညာကို ကျယ်ပြန့်စေကာ သူ့ရဲ့ရုပ်ပြဖန်တီးမှုအတွက်စိတ်ကူးလှုံ့ဆော်မှုများစွာကိုလည်း ပေးစွမ်းနိုင်တာကို တွေ့ရှိခဲ့သည်။ သေချာပေါက်ပင် အခုထိတော့ စုရီရဲ့'လွှမ်းမိုးကြီးစိုးတဲ့ bossနဲ့ သူ့ရဲ့ အံ့သြစရာကောင်းအောင် လှပတဲ့ ယုန်ငယ်လေး'စာအုပ်က အထင်ကြီးစရာ အကောင်းဆုံး ဖြစ်နေဆဲဖြစ်ပြီး သူ တိတ်တိတ်လေး ပြန်ဖတ်မိတဲ့အခါတိုင်း သူကြိုက်တဲ့ အပိုင်းတွေကို ရွေးထုတ်ကာ ထပ်ခါတလဲလဲ ပြန်ဖတ်လေ့ရှိပြီး fan-madeရုပ်ပြတစ်ချို့လည်း ဆွဲကာ ဖိုရမ်တစ်ခုတွင် တင်လိုက်တဲ့အခါ လူအများအပြားထံမှ likeတွေ အများကြီး ရရှိခဲ့သည်။ 

မိုရိချန်ရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

နံပါတ်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး  အမြန်ကောက်ကိုင်လိုက်သည်။

"ဒုတိယအစ်ကို" 

တစ်ဖက်မှ မိုရိရှုရဲ့အသံကို ကြားလိုက်ရသည်။

မိုရိချန်က မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ" 

ထူးထူးခြားခြား ဘာကိစ္စမှ မရှိရင် မိုရိရှုက သူ့ကို ရုတ်တရက် ဖုန်းခေါ်မှာ မဟုတ်ပေ။

ထိုအချိန်တွင် မိုရိရှုက ဆေးရုံတစ်ခုရဲ့ စင်္ကြံတွင်ရပ်နေကာ သူ့မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နေခဲ့သည်။ "ဒုတိယအစ်ကို ဒီလိုပါ အစ်ကိုကြီးက ပြင်သစ်ကို စီးပွားရေးတွေ့ဆုံပွဲအတွက် လွန်ခဲ့တဲ့ရက်က လာခဲ့တာကို အစ်ကို သိလား"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now