အခန်း ၂၄

5.8K 1.1K 24
                                    

Raising You This Small Stuff

Unicode

အခန်း ၂၄ : အမြင့်ဆုံးကာကွယ်မှုအဆင့်!

ယွမ်းစွော်က တံခါးပေါက်မှ ပြေးဝင်လာခဲ့ပြီး ကျောင်းလွယ်အိတ်လေးကို သူ့နောက်တွင် ဘုတ်ခနဲနေအောင် ပစ်ချထားလိုက်သည်။ အသေးလေးရဲ့မျက်နှာက နီရဲနေပြီး ပန်းခြံကိုသွားခဲ့ရတဲ့ ခရီးက အရမ်းကောင်းတယ်ဆိုတာကို သိသာနေစေသည်။

မိုရိချန်က နောက်ဆုံးတွင် သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်လိုက်ပြီး သူ့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ရလဒ်အနေဖြင့် ယွမ်းစွော်က သူ့လက်မောင်းတွေထဲကို ပြေးဝင်လာသလို သူ့ဆီသို့ တည့်တည့်ပြေးလာခဲ့သည်။ မိုရိချန်က သူ ပြေးဝင်လာတာကို မြင်တော့ မသိစိတ်ဖြင့် သူ့လက်မောင်းတွေကို ဖွင့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူက နံရံပေါ်က မျက်နှာပြင်နဲ့ မရိုက်မိခင် အချိန်မီ ရပ်တန့်လိုက်သည်။

"နောက်တစ်ခါကျ ဒီလိုအရမ်းပြေးဝင်မလာနဲ့ နားလည်ရဲ့လား" မိုရိချန်က သူ နံရံကို မတိုက်တာကို တွေ့တဲ့အခါမှ စိတ်အေးကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ယွမ်းစွော်က အကြောက်အရွံ့မရှိ ပြုံးလိုက်သည်။  

"အမ်း နောက်တစ်ခါ ရှိတော့မှာ မဟုတ်ပါဘူး!"

ထို့နောက် ယွမ်းစွော်က သူ့ခရီးမှာ တွေ့ကြုံခဲ့ရတာတွေကို ပြောပြဖို့နဲ့  မိုရိချန် ကြည့်ဖို့အတွက် သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ​ပြဖို့ မစောင့်နိုင်တော့ပေ။ ဂိမ်းထဲမှာ သူ့လိုပဲ  အသားအရည်အဆင့်နိမ့်တဲ့ Q version သက်ကြီးရွယ်အို elves နှစ်ယောက် ရှိတယ်ဆိုတဲ့ နေရာကို ရောက်တော့ မိုရိချန်ရဲ့စိတ်ထဲတွင် သံသယတချို့ ရှိနေပေမယ့် လောလောဆယ်တော့ ဘာမှစဉ်းစားလို့ မရသေးပေ။

"အနာဂတ်မှာ အပြင်သွားရင် တခြားသူတွေရဲ့ စားစရာကို မစားနဲ့ " မိုရိချန်က ပြောလိုက်သည်။

"အိုး... ကျွန်တော် ကျွန်တော်က မိုရိချန်ပေးလိုက်တဲ့ အသီးတွေနဲ့သကြားလုံးတွေကိုလည်း သူတို့ကို ဝေမျှခဲ့ပါတယ်" မိုရိချန်ပြောလိုက်တဲ့စကားကြောင့် သူက ရှက်သွားခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now