အပိုင်း ၆ နှိုးဆွခြင်း/နိုးထခြင်း

976 127 2
                                    

အပိုင်း ၆ နှိုးဆွခြင်း/နိုးထခြင်း

ဘာသာပြန် .SOUL

"ဟိုင်း"

စုပင်း ​ရှေ့ထွက်လာပြီး ဆုယန်ယင်းအား အလုပ်အပ်သူအနေနှင့် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်၏ ။

"ဟိုင်း ။ ကျမရဲ့ သားရဲကို ပြန်ယူဖို့ လာခဲ့တာပါ"

ဆိုင်ရှင်လာနေသည်ကို ဆုယန်ယင်း မြင်လိုက်၍ ရှင်းနေသော ဆိုင်မှ အကြည့်အား ခွာကာ ပြန်လည် နှုတ်ဆက်လိုက်ရင်း

"လွန်ခဲ့တဲ့ လဝက်လောက်က အပ်ထားတဲ့ လျှပ်စီးကြွက်ကို ပြန်လာခေါ်တာပါ ။ သူ့အခြေအနေရော ကောင်းရဲ့လား"

စုပင်းအား ကြည့်ရင်း ပြောလိုက်သဖြင့် စုပင်းအံ့ဩသွားပြီး

"လျှပ်စီးကြွက်ရဲ့ သခင်"

မှတ်ဥာဏ်များထဲတွင် ထိုအကြောင်းနှင့် ပတ်သက်ရာများအား စုပင်း စဥ်းစားလိုက်ပြီး တွေ့ရှိသွားသည်နှင့် ထူးဆန်းသော အကြည့်တစ်ခု သူ့မျက်နှာတွင် ပေါ်လာပြီးတစ်ချက်လှမ်းကြည့်ကာ

"ကံအကောင်းဆုံး မိန်းကလေးပဲ"

စုပင်း တွေးလိုက်မိ၏ ။

စုပင်းသည် လျှပ်စီးကြွက်နှင့် သံယောဇဥ်ဖြစ်နေသည့်အတွက် မူလပိုင်ရှင်ထံ ပြန်ပေးရမည်ကို အနည်းငယ် တွန့်ဆုတ်နေ၏ ။ နောက်ထပ်အကြောင်းမှာ လျှပ်စီးမျိုးနွယ်ဝင် သားရဲများ၏ ထိပ်တန်းအဆင့် ၁၀ အတွင်းရှိ အစွမ်းရထားသော တန်ဖိုးကြီး လျှပ်စီးကြွက် ဖြစ်နေခြင့်ကြောင့်ပင် ဖြစ်၏ ။

စုပင်း လျှပ်စီးကြွက်အား မူလပိုင်ရှင်မှ ပြန်လာခေါ်သည်ကို မြင်လျှင် လျှပ်စီးကြွက်အား သူမပိုင်ခြင်းကို တွေးမိကာ အနည်းငယ် စိတ်ဓာတ် ကျသွားပြီး သက်ပြင်းအနည်းငယ်ချကာ

"အခြေအနေက ကောင်းတာထက်ကို ပိုပါတယ် ။ ကျသင့်ငွေချေဖို့ ကျနော်နဲ့အတူ လိုက်ခဲ့ပေးပါ"အသက်မဲ့စွာ ပြောလိုက်သည် ။

ဆုယန်ယင်းသည် လျှပ်စီးကြွက်အား ကြည့်ခိုင်းထားသော ဆိုင်ပိုင်းရှင်သည် အနည်းငယ် ဝမ်းနည်းသည့်ပုံစံပေါ်နေသည်ကို တွေ့ကာ စဥ်းစားမရဖြစ်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now