အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း

711 56 0
                                    

အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း

ဘာသာပြန်.Soul

တက္ကစီမှာ တဖြည်းဖြည်း ချမ်းသာသူများ နေထိုင်ရာ မြို့လည်သို့ မောင်းသွား၏။ထိုသို့ သပ်ရပ်သန့်ရှင်းသော နေရာများကို တစ်ခါမှ မရောက်ဖူး၍ စုပင်း လှည့်ပတ် ကြည့်လိုက်မိ၏။ လမ်းလျှောက်နေသူ တစ်ယောက်ချင်းစီတိုင်းက ချမ်းသာသူများထင်ရပြီး အသားအရည် ချောမွေ့နေကြသည်။ထိုအခါ ယခုလိုမြို့လည်တွင် နေထိုင်ခွင့်ရရန် ချမ်းသာဖို့လိုအပ်ကြောင်း စုပင်း သိလိုက်၏ ။

စုပင်း သူ၏အိမ်အခြေအနေအား စဥ်းစားမိကာ လူများမှာ မွေးကထဲက သတ်မှတ်ပြီး ဖြစ်ကြောင်း ဝမ်းနည်းဖွယ် တွေးမိလိုက်သော်လည်း သေဆုံးချိန်၌ ဆင်းရဲချမ်းသာမရွေးပဲ အားလုံးအတူတူ ဖြစ်ခြင်းကြောင့် စုပင်း ထိုအတွေးအား မောင်းထုတ်လိုက်၏ ။

ခနအကြာ ကားမှာ ဆိတ်ငြိမ်အိမ်ယာတစ်ခု အပေါက်ဝရှေ့ ရပ်လိုက်ပြီး ထိုနေရာသည် ဆူညံသော လမ်းများ ပတ်လည် ဝိုင်းနေသော်လည်း အိမ်ယာထဲတွင် တိတ်ဆိတ်နေကာ အထဲမှ မြေယာ တန်ဖိုးမှာလည်း ကြီးမြင့်လှ၏ ။

တက္ကစီခမှာ ၁၈၀၂ ကျသဖြင့် သာမာန်အနေနှင့် အလွန်များသော်လည်း လမ်းတွင် တိုးဂိတ်များ ဖြတ်ပြီးမှ မြို့အလည်သို့ ဝင်၍ ရခြင်းကြောင့် စုပင်းလည်း မတတ်နိုင်ပဲ ပေးလိုက်ပြီး အိမ်ယာနာမည်အား တစ်ချက်ကြည့်ကာ အပေါက်သို့ သွားလိုက်သည် ။

အပေါက်ဝရှေ့ရောက်လျှင် အစောင့်အချို့ ထွက်လာပြီး

"ဘာအလိုရှိလို့လဲ" သက်လတ်ပိုင်း အစောင့်မှ စုပင်းတွင် အနံ့ဆိုးများ ပါလာသည့်အလား မျက်နှာအနည်းငယ် လွှဲကာ အလကားလူ အထင်နှင့် မေးလာခဲ့၏ ။

ဤသည်မှာ စုပင်း၏ပုံစံက ကြည့်လျှင်ပင် လူချမ်းသာများနှင့် သိသာစွာ ကွဲပြားနေခြင်းကြောင့် ဖြစ်သည်။သူ့အနေနဲ့ ညစ်ပတ်ပေရေမှု မရှိသော်လည်း ယခုလိုခွဲခြား ဆက်ဆံခံရ၍ စုပင်း မကျေမနပ် ဖြစ်သွား၏ ။

သို့သော် စုပင်း အငြင်းပွားပြီး အချိန်ဖြုန်းမနေပဲ တစ်စုံတစ်ယောက်မှ ခေါ်ထားကြောင်း ပြောလိုက်၏။ အစောင့်များလည်း သံသယနှင့် စုပင်းပြောသော ကျောင်းသားထံ ဖုန်းဆက်ပြီး မေးကြည့်ရာ ချက်ချင်း ဝင်လာခိုင်း၍ အစောင့်အားလုံး ထိုအိမ်ယာတွင် နေသူတိုင်းမှာ ချမ်းသာသူများဖြစ်ကြ၍ မတွေးတတ်နိုင်အောင် ဖြစ်သွားသည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now