အခန်း ၁၂၀ ထိန်းချုပ်ခြင်း

755 78 0
                                    

အခန်း ၁၂၀ ထိန်းချုပ်ခြင်း

ဘာသာပြန်.Soul

စုပင်း လက်မမြှောက်လိုက်ခင် တောင်ပံသားရဲ၏ လက်သည်း သူ့ပခုံးထဲ နစ်ဝင်သွားပြီ ဖြစ်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ တောင်ပံသားရဲမှာ ကြမ်းပေါ်သို့ ဘုန်းခနဲမည်အောင် စုပင်း၏ရှေ့သို့ ပြုတ်ကျလာခဲ့၏။

ဖော်မပြနိုင်သော စွမ်းအင်များ တောင်ပံသားရဲကို ဖိထားပြီး လှုပ်မရ ဖြစ်သွား၏ ။

တောင်ပံသားရဲမှာ ရုန်းကန်ဖို့ပင် ကြိုးစားခြင်းမရှိသည့်အပြင် မျက်လုံးမှ သွေးဆာခြင်းများ ပျောက်သွားပြီး စုပင်းအား တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေ၏။

၎င်းက စုပင်းကိုယ်ပေါ်မှ ထွက်လာသော အရှိန်အဝါကြောင့် ဘာမှ တွေးမရ ဖြစ်နေလေပြီး ခနအကြာ အနံ့ဆိုးများထွက်လာကာ သေးပေါက်ချလိုက်၏ ။

ဆိုင်ထဲ ရှိနေသူများ တောင်ပံသားရဲအား အံ့ဩခြင်းများနှင့် ကြည့်ကာ ယခုတင် ကြမ်းတမ်းသော တောင်ပံသားရဲ ချက်ချင်း ကြမ်းပေါ် ကြောက်သေးပန်းနေခြင်းအား မျက်လုံးပြူးကာ ကြည့်နေကြ၏ ။

ထို့အပြင် စုပင်း လှုပ်ရှားမှုအား မတွေ့ရ၍ တောင်ပံသားရဲ တိုက်ခိုက်ခြင်းအား ကိုယ်တိုင် မတွေ့ရလျှင် ယုံပင် မယုံနိုင်ပေ ။

စုပင်း တစ်ချက် အံ့ဩသွားပြီး ယခင်တစ်ခေါက် ဖန်းယူကျင်း တိုက်ခိုက်ချိန် ထိုသို့ အဖြစ်မျိုး ဖြစ်ခဲ့ကြောင်း စဥ်းစားကာ စနစ်၏မှ သူ့အား တိုက်ခိုက်ခြင်းကြောင့် တန်ပြန် တုံ့ပြန်ခြင်း ဖြစ်ကြောင်း သိသွား၏။

တောင်ပံသားရဲမှာ စုပင်းအား တမင် သတ်ရန် ရည်ရွယ်ခြင်းကြောင့် ပိုမို အဖြစ်ဆိုးကာ လက်သည်းများ ကျိုးသွားသည့်အပြင် ကြမ်းပေါ် ဖိခံထားရပြီး ထိုဖိအားကို တောင်ပံသားရဲနှင့် စုပင်းသာ သိနိုင်ကာ သဘာဝလွန် ဖြစ်ရပ်ကဲ့သို့ ဖြစ်နေလေ၏ ။

တောင်ပံသားရဲအား စုပင်း ကြည့်ပြီး စိတ်ထဲ ထိုအရာအား စွဲသွားပြီး ဒဏ်ရာ ဖြစ်သွားမည်ဖြစ်ကြောင်း သိနေ၏ ။

လူငယ်မှာ သူ၏ မည်မျှ ထိန်းဖို့ ခက်ခဲကာ သူကိုယ်တိုင်ပင် ခေါင်းကိုက်ခဲ့ရသည့် တောင်ပံသားရဲအကြောင်း သိနေ၍ ယခုအခြေအနေနှင့် တွေ့ရလျှင် အံ့ဩသွားပြီး ဆက်သွယ်မှုမှလည်း အလွန် ကြောက်ရွံနေကြောင်း သိလိုက်ရ၍ စုပင်းအား သတိထားလာ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now