အခန်း ၂၉ သတ်ဖြတ်ခြင်း အာရုံစွမ်းရည် လေ့ကျင့်ခြင်း

832 110 0
                                    

အခန်း ၂၉ သတ်ဖြတ်ခြင်း အာရုံစွမ်းရည် လေ့ကျင့်ခြင်း

ဘာသာပြန်. SOUL

(အတည်ပြုပါ) စနစ်မှ ပြောလာသောကြောင့် စုပင်း အတည် ပြုလိုက်သည်နှင့် သူ့ကိုယ်သူ လေဝဲတစ်ခုမှ စုပ်ယူသွားကာ ခန္ဓာနှင့် ဝိညဥ် ကွဲကွာသွားသည့်အလား စုပင်း ခံစားလိုက်ရကာ သတိလစ်သွားတော့သည် ။

စုပင်း သတိပြန်လည်လာချိန်
(မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေနှင့် ချိတ်ဆက်ပြီးပါပြီ ။ ချိတ်ဆက်ချိန် သက်တမ်း ငါးရက် ရမည် ။ အကန့်အသတ်မဲ့ သေဆုံးခြင်းအား ရရှိမည် ။ လုပ်ဆောင်စရာ ရှိတာ လုပ်ဆောင်လို့ ရပါပြီ) စနစ်၏ ရင်းနှီးနေသော အသံအား ကြားလိုက်ရ၏ ။

စုပင်း မျက်လုံးဖွင့်လိုက်သည်နှင့် ကြက်သွေးရောင် ကောင်းကင်အား တွေ့လိုက်ရ၏ ။ ထိုကောင်းကင်တွင် ကြီးမားသော ကြက်သွေးရောင် လသုံးလုံးအား တွေ့လိုက်ရကာ ကောင်ကင်တစ်ခွင်လုံး ကြက်သွေးရောင် တောက်နေကြောင်း စုပင်း တွေ့လိုက်ရ၏ ။ ထိုခရမ်းရောင် ကြားထဲတွင် သားရဲများဟု ခန့်မှန်းရသော အနက်ရောင်များ တစ်ချက်တစ်ချက် ဖြတ်သွားနေ၏ ။

သို့သော် သူနှင့် လ၏ အကွာအဝေးမှာ အလွန် ကွာဝေးနေမည် ဖြစ်သောကြောင့် ထိုအနက်ရောင် သားရဲများ၏ ကြီးမားသော အရွယ်အစားအား စုပင်း နားလည်နေ၏ ။

"ဝူးးး"ခနဲ အသံနှင့်အတူ ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းအား စုပင်း ခံစားလိုက်ရ၍ အောက်ငုံ့ကြည့်လိုက်ရာ ကြောက်ကာ တုန်နေသော လျှပ်စီးကြွက်အား တွေ့လိုက်ရ၏ ။

စုပင်း အနီးဝန်ကျင်အား အကဲခတ်ကြည့်ရာ ထိုမြင်ကွင်းနှင့်ပင် သူ့နှလုံးခုန် ရပ်သွားသည့်အလား ခံစားလိုက်ရ၏ ။

စုပင်း မြင်ကွင်းတွင် လူလက်ကဲ့သို့ ထူးဆန်းသော အပင်များ ၊ မီးခိုးရောင် သေနေသကဲ့သို့ ထင်ရကာ ရှုပ်ထွေးနေသော မြက်ပင်များအား မြေပြင် တစ်ခုလုံးတွင် တွေ့နေရကာ ခရမ်းရောင် တောက်နေခြင်းဖြင့် ပေါင်းစပ်လိုက်လျှင် ငရဲအလား ထင်ရမည်ဖြစ်သည် ။

စုပင်းမှာ ခြောက်ကပ်နေကာ အပျက်အစီးများနှင့် ပြည့်နေသော ထောင့်တစ်နေရာတွင် ဖြစ်ကြောင်း တွေ့လိုက်ရ၏ ။ မိုးရွာထားကြောင်း ထင်ရကာ ရေအိုင်ငယ်တစ်ခု ဖြစ်နေပြီး လောက်ကဲ့သို့ အကောင်များနှင့် ပြည့်နေကာ ဘေးရှိ မြက်များတွင် သားရဲ အသေကောင် အကြွင်းအကျန်များနှင့် ပြန့်ကျဲနေကြောင်း စုပင်း တွေ့လိုက်ရ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now