အခန်း ၆၂ အကူအညီ တောင်းသံ

719 104 0
                                    

အခန်း ၆၂ အကူအညီ တောင်းသံ
ဘာသာပြန်.Soul

"သွားကြရအောင်" လီယင်း အရှေ့မှ သွားပြီး ကျန်လူများ နောက်မှ လိုက်လာကြ၏ ။

တောင်ထွတ်နားရှိ တောင်ကြားလမ်းမှာ ချိုင့်များ ကျင်းများ ရှိနေကာ သားရဲခြေရာများနှင့် သားရဲများ တိုက်ခိုက်ရာမှ ဖြစ်လာသော ကျင်းများ ဖြစ်ကာ မိုးရေမရှိနေပဲ အနံဆိုးများ ထွက်နေသော အနီပုတ်ရောင် သွေးများနှင့် ပြည့်နေ၏ ။

ထိုအနံဆိုးများကြောင့် အားလုံး နှာခေါင်း ရှုံ့လိုက်ကြပြီး စုပင်းမှာ အရိုးခြောက်ကလေးအား သူ့အနား နေခိုင်းကာ ရုတ်တရက် တိုက်ခိုက်ခြင်းများ ကာကွယ်ရန် ပြောထားလိုက်သည် ။

သွားပြီး မကြာမီ လီယင်း ရုတ်တရက် ရပ်လိုက်ပြီး အညိုရောင် သမ်းနေစော ကျောက်တုံးစီ အကြည့်ရောက်သွားရာ အနက်ရောင် သတ္ထု လက်ကောက် ဝတ်ထားသော လက်တစ်ဖက်အား တွေ့လိုက်ရ၏ ။

ထိုလက်အား မြင်လျှင် ဖန်ကန်းလီ မျက်နှာ ချက်ချင်း ပြောင်းသွား၍ နားများစွာနှင့် မျောက်အား ​ရှေ့သွားကြည့်ခိုင်းလိုက်၍ ခန်ကာ လက်စီ သွားလိုက်လျှင် လက်မှာ ပြတ်နေကြောင်း တွေ့လိုက်ရ၏ ။ ဖန်ကန်းလီလည်း နားများစွာနှင့် မျောက် ယူလာသော လက်အား ကြည့်ကာ "ဒါ တခြား စူးစမ်းသူ တစ်ဖွဲ့ထဲက လူတစ်ယောက်နဲ့ ဆိုင်တာပဲ ။ ဒါက တိမ်နက် ရွှေလက်ကောက်လို့ ခေါ်ပြီး ဒီလက်ကောက်ကို တတ်နိုင်တဲ့သူက ခွန်အား ခပ်နိမ့်နိမ့်ထဲက မဖြစ်နိုင်ဘူး" ပြောပြရင်း မျက်နှာ ပြောင်းသွား၏ ။

လင်းမိုခုန် ၊ ဖန်းယူကျင်းနှင့် အခြားသူများလည်း ထိုလက်ကောက်အား သတိပြုမိကာ မျက်နှာများ ပြောင်းသွားပြီး ထိုလက် ပိုင်ရှင်မှာ အဆင့်မြင့် သားရဲစစ်သည် မဟုတ်လျှင် ချမ်းသာသော အဆင့်ခြောက် သားရဲစစ်သည် ဖြစ်ကာ ထိုသို့သူ သေနေခြင်းအတွက် ​ရှေ့တွင် ကြုံမည့် အန္တရာယ်များအား စိုးရိမ်လာ၏ ။

"ကျတော့ ပြကြည့်ပါ" စုပင်း လက်ပြတ်အား ကြည့်ကာ တောင်းယူလိုက်၍ ဖန်ကန်းလီ နားမလည်စွာနှင့် လက်ပြတ်အား ပေးလိုက်၏ ။

"ကြည့်လဲ သိမှာ မဟုတ်ပဲနဲ့" စုပင်း၏ လက်ပြတ်အား လေ့လာခြင်းကို လင်းမိုခုန် ရှုံ့ချလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now