အခန်း ၁၆၃ ထွက်ခွာခြင်း

698 66 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၆၃

ထွက်ခွာခြင်း

ဘာသာပြန်. Soul

စုလင်းယွဲ့သည် မီးသရဲသားရဲအား တွေ့လျှင် အလွန် ပြောင်းလဲသွားကြောင်း သတိထားမိသဖြင့် အသစ် ရောက်လာသည့် ဝယ်သူများအတိုင်း မယုံကြည်သည့် အကြည့်နှင့် ကြည့်မိနေ၏ ။

မနက်မှ ထိုင်းမှိုင်းစွာ လှဲနေသည့် မီးသရဲသားရဲမှာ စုလင်းယွဲ့အား တွေ့သည်နှင့် စုပင်းလက်မှ ရုန်းပြီး မျက်ရည်များ ကျကာ လက်ထဲ ခုန်ဝင်သွား၏ ။

"သူ့ကို ဘာလုပ်လိုက်တာလဲ"

ထိုစကားအား စုလင်းယွဲ့ မေးခါနီး ဖြစ်ပြီးမှ

"ဘာလို့ ထူးဆန်းနေတာလဲ"

စကားသို့ အချိန်မီ ပြောင်းလိုက်၏ ။

"သူက ပုံရိပ်ယောင်လွှမ်းမိုးခြင်း ၊ မီးချိန်းကြိုးနဲ့ မီးလေဆင်နှာမောင်း သုံးမျိုး တတ်ခဲ့တယ် ။ အစွမ်း အသစ်တွေနဲ့ ရင်းနှီးအောင် တစ်နေရာရာ ရှာပြီး ကြည့်ကြည့်လိုက် ။ ရိုးရိုး အဆင့်ခြောက်လောက်တော့ ခုခံနိုင်ပြီ ။ တွေ့ရတဲ့ သားရဲရဲ့ အဆင့်ကို မသိရင်တော့ ပြေးသာပြေး"

စုပင်း ရုပ်တည်နှင့် ပြောလျှင် စုလင်းယွဲ့ ပါးစပ် မစေ့နိုင် ဖြစ်သွား၏ ။

သူမ စာအုပ်များမှ မှတ်မိသလောက် ဆိုလျှင် ပုံရိပ်ယောင်လွှမ်းမိုးခြင်းနှင့် မီးလေဆင်နှာမောင်းမှာ အဆင့်မြင့် သားရဲများအတွက်သာ ဖြစ်သည်။ မီးလေဆင်နှာမောင်းမှာ ပို၍ အလားအလာ ရှိကာ သားရဲမှ အဆင့်ကိုးသို့ ရောက်လျှင် မီးလေဆင်နှာမောင်းမှ မီးမုန်တိုင်း ပြောင်းသွား၍ မုန်တိုင်း အစစ်အမှန်အတိုင်း နေရာ ကျယ်ပြန့်စွာ ထိခိုက်နိုင်သည့် အစွမ်းမျိုး ဖြစ်ကြောင်း စုလင်းယွဲ့ သတိရလိုက်၏ ။

စုပင်းသည် ရိုးရှင်းသည့် အပြင်အဆင်အား ကြည့်ပြီး သူမ၏ မီးသရဲသားရဲ ထိုမျှ အစွမ်းမျိုး တတ်လာရန် ရခဲ့သည့် အတွေ့အကြုံအား မယုံနိုင် ဖြစ်နေပြီး တစ်ဖက်တွင် စုပင်း မလိမ်မှန်း ယုံကြည်နေ၏ ။

သို့သော် မီးသရဲသားရဲမှာ အဆင့်နှစ်ဆင့် ကွာသည့် သားရဲအား တိုက်ခိုက်နိုင်သည့် အကြောင်းမှာ ဖြစ်နိုင်သလား စုလင်းယွဲ့ တွေးမိနေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now