အခန်း ၁၅၈ လျှို့ဝှက်နယ်မြေ ပွင့်ရန် အချိန် နီးကပ်လာခြင်း

738 67 0
                                    

အခန်း ၁၅၈ လျှို့ဝှက်နယ်မြေ ပွင့်ရန် အချိန် နီးကပ်လာခြင်း

ဘာသာပြန်. Soul

အသစ်ရောက်လာသည့် ဝယ်သူများသည် သူတို့၏ သားရဲများ မခန့်မှန်းနိုင်သည့် အစွမ်းများ သုံးနေခြင်းကို ကြည့်ကာ ချိတ်ဆက်ခြင်းကြောင့် မဟုတ်လျှင် အခြား ဖြစ်နေကျအတိုင်း သူတို့သားရဲအား လဲလိုက်သည်ဟုပင်ထင်မိမည် ဖြစ်၏ ။

ယခုမှ အဘယ့်ကြောင့် ပုံမှန် လာနေသူများ မစမ်းသပ်သည့် အကြောင်းအရင်းကို နားလည်သွားကြသည်။ ငှားထားသူများသည်   အကျိုးအား ခံစားခဲ့ဖူးသူများ ဖြစ်ကြောင်း ထိုသူများ သဘောပေါက်သွား၏ ။

ထိုသူများနှင့်အတူ ယီဟိုလည်း တစ်ရက်တာအတွင်း သားရဲ၏ တိုးတက်လာခြင်းအား တွေ့ရ၍ လျှပ်စီးကြွက်အား လေ့ကျင့်ပေးခဲ့သည်မှာ အမှန်ဖြစ်မည်ဟု ယုံကြည်သွား၏ ။

ခဏအကြာ သားရဲ ပြန်ပေးခြင်းအား စုပင်း လုပ်ဆောင်၍ ပြီးသွားကာ အော်ဒါ အသစ်များ စတင်ကာ ကောက်လျှင် ယီဟိုအလှည့် ခဏအတွင်း ရောက်လာ၏ ။

"အကောင်းဆုံး လေ့ကျင့်ခြင်း ယူမယ်"

ယီဟိုမှာ ငွေကြေးအတွက် ဂရုမစိုက်ဘဲ ဝယ်နိုင်သမျှ ဝယ်မည် ဟူသည့် အတွေး ပိုင်ဆိုင်ထား၍ ပြောရာ "ဆောရီး ။ ပုံမှန် လေ့ကျင့်တာပဲ ရဦးမယ်"

စနစ်၏ သတိပေးချက်အား စုပင်း သတိရ၍ သက်ပြင်းချပြီး ပြောလိုက်၏ ။

"ဒါဆို အကောင်းဆုံး ပုံမှန် လေ့ကျင့်တာ ယူမယ်" ယီဟို ပြောလျှင်

"ဆိုးတာပဲ ။ အကောင်းဆုံး ပုံမှန် လေ့ကျင့်တာ ဆိုတာ မရှိဘူး ။ အားလုံးအတွက် အတူတူပဲ " စုပင်း ပြောသည်။

"ဒါဆို အဆင့်ခြောက် တိုင်ဖွန်းကို လေ့ကျင့်ပေးပါ" ယီဟို မျက်မှောင်ကြုတ်၍ ပြောလာ၏ ။

ထို တိုင်ဖွန်းမှာ ယီဟို၏ အားနည့်သည့် သားရဲ ဖြစ်ကာ သူ၏ အဓိက သားရဲဖြစ်သည့် လျှပ်စီးအိမ်မြှောင်မှာ ဒဏ်ရာများ ပြန်လည် ကုစားနေ၏ ။

စုပင်း ခေါင်းညိတ်ကာ ယီဟို၏ နာမည် မှတ်နေစဥ် ယီဟိုမှာ သူ၏ သားရဲအား ချော့နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now