အခန်း ၆၃ မသေမျိုး ကျွန်ပြုခြင်း

743 112 0
                                    

အခန်း ၆၃ မသေမျိုး ကျွန်ပြုခြင်း
ဘာသာပြန် Soul

အားလုံး အချက်ပြမီးခိုး ထွက်လာရာ နေရာသို့ ပြေးသွားကြရာ ကုန်းဆင်းအလွန် တောအုပ် အစပ်ရောက်လျှင် သားရဲ အော်သံနှင့် နားကွဲမတတ် စူးရှသော အသံများ ကြားလိုက်ရပြီး တစ်ချက်တစ်ချက် တွင် မြေများတုန်ခါနေကြသဖြင့် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်နေကြောင်း သိလိုက်ရ၏ ။

ဖန်ကန်းလီမှာ တောအုပ်ထဲ အရင်ဆုံး ပြေးသွားကာ အထဲတွင် ထူးဆန်းသော အပင်များနှင့် သေဆုံးခြင်း အရှိန်အဝါများ ကြီးစိုးနေကာ အရိုးခြောက်များ ပြန့်ကြဲနေကြောင်း တွေ့လိုက်ရ၏ ။

လင်မိုးကောင်မှာ အရှိန်လျော့ကာ အဖွဲ့မှ နောက်ကျန်ပြီး စုပင်းအား လုပ်ကြံရန် စုပင်းအား ကြည့်လိုက်လျှင် စုပင်းမှာ အရှိန် အနှေးဆုံး ပြေးနေကာ အဖွဲနှင့် ကွဲခါနီး ဖြစ်နေ၍ လင်းမိုခုန် စိတ်ထဲတွင် ကျိန် ဆဲလိုက်ပြီး အမြန် ပြေးလိုက်၏ ။

ဖန်းယူကျင်းမှာ စုပင်း၏ ​နှေးနေသည့် ရည်ရွယ်ချက်အား မသိသော်လည်း အဖွဲ့နှင့် မကွဲစေရန် သူလည်း အရှိလျော့လိုက်ပြီး အဖွဲ့တစ်ခုလုံး ထိုပုံစံနှင့် အချိန်ကြာ ပြေးသွားနေ၏ ။

စုပင်းနှင့် ဖန်းယူကျင်း တောထဲ ဝင်လာချိန် သစ်ပင်များ လဲကျနေပြီး တိုက်ခိုက်မှု ဖြစ်ထားကြောင်း သိသာနေကာ အပျက်အစီးများနောက် လိုက်လိုက်ရာ ဖန်ကန်းလီနှင့် အခြားသူများအား ယောက်ျားတစ်ယောက်နှင့် မိန်းမ တစ်ယောက်အား တွဲထားကာ သားရဲအချို့ စောင့်ရှောက်ပေးနေပြီး အချို့ တိုက်ခိုက်နေကြောင်း တွေ့လိုက်ရ၏ ။

"ဒါက အဆင့်ရှစ် ​မှော်အလောင်း သားရဲလား" သွေးဆာ မကောင်းဆိုးဝါး ဝံပုလွေနှင့် တိုက်ခိုက်နေသော ကြီမားသော သားရဲအား တွေ့လျှင် ကြောက်ရွံ့စိတ်ကြောင့် ဖန်းယူကျင်း၏ သူငယ်အိမ်က ကျဥ်းမျောင်းသွားသည်။

​မှော်အလောင်း သားရဲမှာ ခုနစ် ရှစ်မီတာခန့် မြင့်ပြီး အရိုးပုံ မြေပေါ် ချထားသကဲ့သို့ ထင်ရကာ တစ်ကိုယ်လုံး အရိုးများနှင့် ပြည့်နေပြီး ချွန်ထက်သော အရိုးများနှင့် ကြီးမားသော လက်များ ထွက်ထွက်လာကာ ခန့်မှန်းမရနိုင်သော တိုက်ခိုက်ခြင်းမျိုးနှင့် တိုက်ခိုက်နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Où les histoires vivent. Découvrez maintenant