အခန်း ၅၀ မသိမ်းပိုက်ထားသော နယ်မြေများတွင် စူးစမ်းခြင်း

805 112 0
                                    

အခန်း ၅၀ မသိမ်းပိုက်ထားသော နယ်မြေများတွင် စူးစမ်းခြင်း

ဘာသာပြန်. Soul

တျိုးဟွားစီလမ်းရှိ Pixie သားရဲ စတိုးဆိုင်ထဲ ကွန်ပျူတာရှေ့ ထိုင်ကာ ဗွီဒီယိုကြည့်ရင်း စုပင်း ကျင့်ကြံနေ၏ ။

ကွန်ပျူတာ ဗိုင်းရပ် သတ်ရန်နှင့် ပြန်လည် အင်စတော လုပ်ရန် ၇၀ ဒင်္ဂါးကုန်သွးသဖြင့် စုပင်း ရင်နာမဆုံး ဖြစ်နေလေ၏ ။

ဗွီဒီယိုထဲတွင် လှဲလျောင်းနေသော ပန်းရောင် ကြောင်ကတိုးတစ်ကောင် ၏ ရှေ့လက်ဖဝါးကို လူငယ်တစ်ယောက်မှ ​ နှိပ်နယ်ပေးနေသည်ကို ပြနေ၏။ဘေးမှ သက်လတ်ပိုင်း လူတစ်ယောက်မှ လူငယ်၏ အလွဲများအား ပြောရင်း ညွန်ကြားပေးနေ၏ ။

"ဒါကို လေ့ကျင့်ရေးလို့ ခေါ်တာလား"

ဗီဒီယိုကိုကြည့်ရင်း စုပင်း ပြောစရာ စကားရှာရမရ ဖြစ်သွား၏ ။

ထိုဗွီဒီယိုမှာ သားရဲများကို နှိပ်နယ်ပေးခြင်း၏ ထူးခြားချက်ကို ရှင်းပြနေခြင်း ဖြစ်သည်။ယခုလို ကြယ်တာရာ စွမ်းအင် သုံးပြီး နိပ့်နယ်ပေးခြင်းက ကြောင်ကတိုးကောင်၏ ​ရှေ့လက်ဝါးမှ သွေးကြောများ ပွင့်အောင် လုပ်ပေးနိုင်စွမ်းပေသည်။အလည်အလတ်အဆင့် လေ့ကျင့်ရေး လက်မှတ်ရထားသော သက်လတ်ပိုင်း လူ၏ ပြောပြချက်အရ ထိုနှိပ်နယ်ခြင်း အချိန်ကြာကြာ လုပ်ပေးလျှင် လင်ဆန်(ကြောင်ကတိုးကောင်)၏​ ရှေ့လက်ဝါးမှာ ပိုမို သန်မာလာမည်ဟု ပြောထား၏ ။

ထိုသို့ ပြုလုပ်ပေးရန် လေ့ကျင့်ပေးသူသည် သားရဲ၏ သွေးကြော တည်ဆောက်ပုံနှင့် ရင်းနှီးနေရမည် ဖြစ်ပြီး မဟုတ်လျှင် ဆန့်ကျင်ဘက် ရလဒ်သာ ရရှိမည် ဖြစ်၏ ။

စုပင်းမှာ စိတ်မဝင်စားလာ၍ နောက် လအနည်းငယ် အချိန်အထိ ကျော်လိုက်ကာ လူငယ်မှ ပေတံယူပြီး လင်ဆန်၏​ ရှေ့လက်ဝါးအား တိုင်းပြရာ ၂၀ စင်တီမီတာ ရှိနေသည် ဖြစ်ခြင်းကြောင့် သာမာန် ကြောင်ကတိုးများထက် ၂ စင်တီမီတာခန့် ပိုရှည်ကြောင်း တွေ့လိုက်ရ၏ ။

ထို့နောက် တိုက်ခိုက်ခြင်းနှင့် စမ်းသပ်မှုများ ပြုလုပ်ပြကာ နောက်ဆုံးတွင် ယခင်ထက် ငါးပုံ တစ်ပုံ တိုက်ခိုက်မှု သန်စွမ်းလာကြောင်း တွေ့ရ၏ ။ ထို့အပြင် လေ့ကျင့်ရေး ကာလမှာ သုံးလ ကြာမြင့်သည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now