အခန်း ၁၈၀

682 68 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၈၀

ဘာသာပြန်. Soul

မြေနဂါး၏ အော်သံအား ကြားသည်နှင့် မီးတောက် ရေနဂါးလည်း ပြန်အော်ဟစ်လာခဲ့၏။အဆိုပါ ရေနဂါးမှာ မြွေနှင့် နဂါးမျိုးနွယ်နှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်၍ ၎င်း၏ စူးရှ အက်ကွဲနေသော အော်သံမှာ ကြောက်မက်ဖွယ်အတိပင် ဖြစ်သည်။

အားလုံး သားရဲများ လွှတ်နေ၍ စုပင်းလည်း အရိုးခြောက်ကလေးထံမှ သွေးလုံးအား ယူလိုက်သည်။ အရိုးခြောက်ကလေးသည် ငရဲမီးနဂါးအပေါ် တက်၍ နဂါးနက်ခွေးနှင့်အတူ မီးတောက် ရေနဂါးထံ ပြေးသွားသည်။ ခရမ်းရောင်မြွေမှာ စုပင်းအား ပတ်လည်ဝိုင်း၍ အကာအကွယ် ပေးထား၏ ။

ခရမ်းရောင်မြွေ၏ မီတာတစ်ရာကျော် အသားတံတိုင်းပင် ဖြစ်၍ သူကိုယ်တိုင်မှာ အဆင့်လေးအမြင့် သားရဲစစ်သည် ဖြစ်ပြီး သူရိယတံတိုင်း ကျင့်စဥ်ကြောင့် အဆင့်ငါးသားရဲ၏ တိုက်ခိုက်မှု ခံနိုင်သော်လည်း အရိုးခြောက်ကလေးနှင့် နဂါးနက်ခွေးတို့ မရှိလျှင် အဆင့်ခုနစ် သားရဲပင် သူ့အား အဆုံးသတ်နိုင်ကြောင်း စုပင်း သိနေ၏ ။

ထိုသို့ အဆင့်ခုနစ် ၊ အဆင့်ရှစ် သားရဲများ အနားကပ်လာလျှင် သူ့ထက်ပင် ကိုယ်ခန္ဓာ ခုခံအား နည်းသည့် ယီချန်းရှန်နှင့် အခြားသူများလည်း အသက် ဆုံးရှုံးရမည် ဖြစ်၏ ။

ခရမ်းရောင်မြွေ၏ အကာအကွယ်မှ စုပင်း တိုက်ပွဲအား အကဲခတ်ကြည့်ရာ မြေနဂါးမှာ ခုခံမှု မြင့်မားခြင်းကို အားကိုး၍ အနီးကပ် တိုက်ခိုက်နေပြီး နဂါးအကာအကွယ်လည်း ပျက်စီးနေသော်လည်း အကူအညီ ပေးနေသည့် ကျဆုံးဘုန်းတော်ကြီးနှင့် သွေးဆာခြင်းမြွေတို့နှင့် အချိတ်အဆက် မိတေသည်ကို တွေ့လိုက်ရ၏ ။

သို့သော် မြေပေါ်ရှိ ကြောက်မက်ဖွယ် မီးများကြောင့် ကျဆုံးဘုန်းတော်ကြီးနှင့် သွေးဆာခြင်းမြွေ ကိုယ်ပေါ်မှ မြေအကာအကွယ် မီးကျွမ်းနေပြီ ဖြစ်၏ ။

သွေးဆာခြင်းမြွေမှာ ရက်စက်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်သော်လည်း မီးတောက် ရေနဂါးနှင့် တွေ့နေရ၍ မရစ်ပတ်ရဲ ၊ မကိုက်ရဲ ဖြစ်နေကာ အမြှီးနှင့် ဘေးမှ ကျောက်တုံးများအား လှမ်းပစ်ရုံသာ တတ်နိုင်ခြင်းကြောင့် ခွန်အား အပြည့်အဝ အသုံးမချနိုင် ဖြစ်နေလေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now