အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်

741 70 0
                                    

အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်

ဘာသာပြန်.Soul

ထမင်းစားပြီးနောက် စုပင်း သူ့မိခင်အား နှုတ်ဆက်ပြီး အခန်းထဲ ပြန်ကာ ကျင့်ကြံနေစဥ် ခြေသံများနှင့်အတူ စုလင်းယွဲ့ အခန်းရှေ့ ပေါ်လာ၏ ။

စုပင်းမှာ ခန့်မှန်းထားပြီး ဖြစ်၍ စုလင်းယွဲ့ မေးလာမည်အား စောင့်နေလိုက်၏ ။

စုလင်းယွဲ့ အသက်ရှူသံများ ပြင်းထန်ကာ ယခင် စုပင်းအခန်း ဝင်ခဲ့စဥ်ကနှင့်မတူ စိတ်လှုပ်ရှာနေကာ မသိသာစေရန် ကြိုးစားပြီး စုပင်းအား လှမ်းကြည့်ရာ သူမအား ပြန်ကြည့်နေသည် တွေ့ရခြင်းကြောင့် အခြေအနေ ပိုဆိုးသွား၍ ဒေါသလည်း ထွက်လာ၏ ။

"ကျောင်းက ဖြစ်ခဲ့တာအတွက် တစ်ခုခု ပြောစရာမရှိဘူးလား" စုလင်းယွဲ့ ခပ်တန်းတန်း မေးလိုက်ရာ "ဘာကို ပြောစေချင်တာလဲ" စုပင်း ဖြေလိုက်သည် ။

"ကျောင်းမှာ ဘယ်လိုလုပ်ပြီး ဆရာဖြစ်လာခဲ့တာလဲ။ပြီးတော့ အဲဒီငရဲမီးနဂါးကရော ဘယ်ကခိုးလာတာလဲ" စုလင်းယွဲ့ အံကြိတ်ကာ မေးလိုက်၏။

"ဘာလို့ ပြောရမှာလဲ" စုပင်း အသာအယာ ပြုံးကာ ​ဖြေလိုက်၏။

"ကြယ်တာရာ စွမ်းအင် ရှိတာ ကြာပြီမလား" စုလင်းယွဲ့ သူမအထင်အား မေးကြည့်ရာ စုပင်း ဘာမှ ပြန်မပြော၍ ​ရှေ့နည်းနည်း တိုးကာ အသက်ပြင်းပြင်း ရှူပြီး "အဲဒီအရိုးခြောက်ကိုမြင်လိုက်မှ နင်ငါ့ကို နိုင်နေတာ အချိန် တော်တော် ကြာပြီမဟုတ်လား" ဆက်ပြောရင်း စုလင်းယွဲ့၏ မျက်နှာ နီသွား၏ ။

နေ့ခင်းတွင် သူမမြင်တွေ့သည့်အရာများအရ သူမ၏ မီးသရဲသားရဲသည် ထိုအရိုးခြောက်နှင့် ယှဥ်လျှင် ဘာမှ မဟုတ်သည့်အပြင် ငရဲမီးနဂါး အရွယ်ရောက်လာခဲ့ပါက သူမအား နိုင်သည်ဟု ဆို​နိုင်ရုံတင်မကပဲ ပိုးကောင် တစ်ကောင်အလား ပျောက်ကွယ်သွားစေနိုင်ကြောင်း စုလင်းယွဲ့ သဘောပေါက်သွားသည် ။

သူမအနေနဲ့ စုပင်း၏ ပြိုင်ဖက် မဟုတ်နိုင်မှန်း ကြိုတွေးထားပြီးပြီဖြစ်သော်လည်း စုပင်း၏ နှုတ်မှ ထွက်လာသော စကားအား စုလင်းယွဲ့ စိတ်ရှုပ်မှုနှင့် စိတ်ချမှု ရောကာ စောင့်ဆိုင်းနေ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now