အခန်း ၆၀ သွေးဝိညဥ် သားရဲ

727 108 0
                                    

အခန်း ၆၀ သွေးဝိညဥ် သားရဲ
ဘာသာပြန်.Soul

"နောက်ထပ် ကြည့်ကြည့်ရအောင်" ဖန်ကန်းလီမှာ စေ့စပ်သော လူတစ်ယောက်ဖြစ်ကာ ညကြည့်ကိရိယာနှင့် သေချာစွာ ကြည့်လိုက်ရာ ကျားအရေခြုံ ကြံ့သူတော်ပဲ တွေ့နေရ၏ ။

"ကျားအရေခြုံ ကြံ့သူတော်ပဲလား" လင်းမိုးခုန်ကမေးလိုက်ရာ "ကိုယ့်ဖာသာ ကြည့်လိုက်" ဖန်ကန်းလီ စိတ်မကြည်၍ ညကြည့်ကိရိယာအား လက်ထဲ ထည့်ပေးရင်း ပြောလိုက်၏ ။

"ကျားအရေခြုံ ကြံ့သူတော်ပါပဲ"လင်းမိုခုန် သေချာသွားသဖြင့် ဖန်ကန်းလီအား ပြန်ပေးလိုက်ရင်း စုပင်းအား ရန်လိုစွာ ကြည့်လိုက်ပြီး အချိန်ကြာအောင် ဆွဲနေသည်ဟု ထင်မြင်လာ၏ ။

ဖန်ကန်းလီမှာ လင်းမိုခုန်၏ ရန်လိုနေခြင်းအား သတိပြုမိကာ ဤတစ်ကြိမ်တော့ စုပင်း အပြစ် ဖြစ်သည်ဟု တွေးရင်း "ကိစ္စပြီးအောင် အရင်လုပ်လိုက်ရအောင်" သက်ပြင်းချရင်း ပြောလိုက်သည် ။

"နောက်ထက် အဓိပ္ပါယ် မရှိတဲ့ စကားပြောရင် ရက်စက်တယ် မပြောနဲ့" စုပင်းအား ကြည့်ပြီး လင်းမိုခုန် ပြောလိုက်၏ ။

ပြောပြီးသည်နှင့် သူ၏ ကော်ဆန် စပါးအုံးအား အဆင့်ခြောက် ကျားအရေခြုံ ကြံ့သူတော်ရှိနေသော ရေအိုင်အနား သွားပြီး သတ်ရန် ခိုင်းလိုက်၏ ။

ရေအိုင်အနားရှိ ကျားအရေခြုံ ကြံ့သူတော်မှာ ကော်ဆန် စပါးအုံးအား သတိပြုမိကာ လှည့်ကြည့်လိုက်သည်နှင့် "အိုး ၊ နိုး" ဖန်ကန်းလီ ညကြည့်ကိရိယာနှင့် ကြည့်နေရာမှ အော်လိုက်၏ ။

ဖန်ကန်းလီ အော်သံကြားလျှင် လင်းမိုခုန် ကမန်းကတမ်း သူ၏ ညကြည့်ကိရိယာနှင့် ကြည့်လိုက်ရာ ကြက်သီးထသွား၏ ။

ယခင် ရေသောက်နေသော ကျားအရေခြုံ ကြံ့သူတော်၏ တစ်ခြမ်းသာ မြင်ရကာ ယခုလှည့်လိုက်ချိန် အခြားတစ်ခြမ်းမှာ အရိုးသာ ရှိကြောင်း တွေ့လိုက်ရပြီး သွေးနှင့် အသား ရှိရမည့်အစား မြွေကဲ့သို့ လက်များ မျက်လုံးပေါက် နေရာတွင် ရစ်ပတ်နေကာ ရေဘဝဲကဲ့သို့ အကောင်တစ်ကောင် ခေါင်းတွင် လက်များနှင့် ရစ်ပတ်ထားကာ ကျားအရေခြုံ ကြံ့သူတော်မှာ သေဆုံးထားသည်မှာ ကြာမြင့်ပြီ ဖြစ်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Kde žijí příběhy. Začni objevovat