အခန်း ၁၀၅ နီးနီးလေးနဲ့ဝေး

764 76 0
                                    

အခန်း ၁၀၅ နီးနီးလေးနဲ့ဝေး

ဘာသာပြန်.Soul

ကုပေးချန် ထွက်သွားလျှင် စုပင်း စိတ်ကူးယဥ်သားရဲအား ယူကာ စောင့်ရှောက်ရေးခြံထဲ ထည့်လိုက်သည်။သုံးကြိမ်မြောက် လေ့ကျင့်ပြီးစီးချိန်ဖြစ်၍ ခြံထဲတွင် နေရာလွတ် တော်တော်များများ ကျန်နေ၏။စိတ်ကူးယဥ်သားရဲ ခြံထဲသို့ဝင်လိုက်စဥ်မှာပဲ များပြားလှသော စွမ်းအင်များ​ကြောင့် ငြိမ်ကျသွားခြင်းကိုကြည့်ကာ စုပင်း ပြုံးလိုက်၏ ။

ထိုနောက် ဆိုင်တံခါး သွားပိတ်ကာ စိတ်ထဲမှနေ၍ ဆိုင်ကိုအဆင့်မြှင့်ရန် စုပင်း ရေရွတ်လိုက်၏။ (စောင့်ရှောက်ရေးခြံ ၂၅ခု ဝိညဥ်ရေကန် အဆင့်သုံး ၊ လိုအပ်ချက် ပြည့်စုံ၍ ဆိုင် အဆင့်မြှင့်ခြင်း စတင်ပါမည်) စနစ်မှ ပြောသံနှင့်အတူ စွမ်းအင်အမှတ် တစ်သောင်း လျော့သွား၏ ။

(အဆင့်မြှင့်ရန် ကြာချိန် တစ်နာရီ ၊ ထိုအချိန်အတွင်း ဆိုင်လုပ်ငန်းများ ဆိုင်ငံ့ထားမည်) စနစ်မှ ပြောလာ၍ သူတွင် အခြားလုပ်စရာမရှိခြင်းကြောင့် စုပင်း ကျင့်ကြံနေလိုက်၏။တစ်နာရီကြာပြီးနောက် ဆိုင်အား အဆင့်မြှင့်ခြင်း ပြီးစီးကြောင်း အကြောင်းကြားလာခဲ့သည် ။

ထို့အသံနှင်အတူ စွမ်းဆောင်ရည် အသစ်နှစ်မျိုးအကြောင်းအား စုပင်း၏ စိတ်ထဲ၌ ပြသလာ၏။ဤသည်မှာ ပျိုးထောင်ခြင်း နယ်မြေများ ဇယားတွင် ဝင်မည်ဟူသော ခလုတ်အောက်တွင် လေ့ကျင့်သူအတုနှင့် လေ့ကျင့်ရန်အား ခရမ်းရောင်လူပုံရှိနေသည်အား စုပင်း တွေ့လိုက်ရပြီး စနစ်၏ ​ရှင်းပြချက်အရ နောင်တွင် ကိုယ်တိုင်သွားစရာမလိုပဲ ကိုယ်ပွားခွဲကာ သားရဲများအား လေ့ကျင့်ခိုင်းနိုင်ကြောင်း စုပင်း သိလိုက်ရ၏ ။

သို့သော် ထိုအရာမှာ အခမဲ့တော့  မဟုတ်ချေ။ပျိုးထောင်ခြင်း နယ်မြေ၏ ဆယ်ပုံတစ်ပုံနှင့်ညီမျှသော စွမ်းအင်အမှတ်များ ပေးရမည် ဖြစ်သာ်။၎င်းမှာ သေဆုံးခြင်း ဝယ်သောစျေးနှင့်ပင် တူညီနေသဖြင့် စနစ်၏ထောင်ချောက်ထဲ ကျသွားပြီဟု တွေးလိုက်ကာ စနစ်အား မောင်းထုတ်မရသော သန်းတစ်ကောင်ကဲ့သို့ စုပင်းမြင်လာခဲ့၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now