အခန်း ၁၉၅ ဝိညာဥ် စွမ်းအင် သစ်သီး

692 59 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၅
ဝိညာဥ် စွမ်းအင် သစ်သီး

ဘာသာပြန်.Soul

ငရဲမီးနဂါးနှင့် နဂါးနက်ခွေး၏ ကြားညှပ် တိုက်ခိုက်မှုကြောင့် အဆင့်ကိုး ရွှေကြက်သည် သွေးများထွက်၍ သေဆုံးသွား၏။ နဂါးနက်ခွေးက  လျှင်မြန်စွာ အသားအချို့ စားပြီး စွမ်းအင်ပုံဆောင်ခဲအား ကျွမ်းကျင်စွာ ထုတ်ယူ၍ ခရမ်းရောင်မြွေအနား ရောက်လာလျှင် စုပင်း စွမ်းအင်ပုံဆောင်ခဲအား ယူ၍ သိမ်းလိုက်၏ ။
"ခြေရာလက်ရာ မကျန်စေနဲ့"
ဆက်သွယ်ခြင်းမှ စုပင်း ပြောလိုက်ရာ ငရဲမီးနဂါး မီးမှုတ်၍ အလောင်းအား ခဏချင်းပင် ဖျောက်ဖျက်၍ ပြာအချို့သာ ကျန်ခဲ့၏ ။
အားလုံး ရှင်းပြီးသည်နှင့် ရတနာနေရာသို့ အမြန်ဆုံး ရောက်နိုင်မည့် အခြားလမ်းများနှင့် မတူပဲ သားရဲ ပေါများသော မြစ်ကမ်းရိုးတစ်လျှောက် တက်လာ၏ ။
"လျှို့ဝှက်နယ်မြေ ဖွင့်တာက နှစ်ရက်ရှိပြီဆိုတော့ တစ်ယောက်ယောက်များ ယူပြီးသွားပြီလား" စုပင်း စိတ်ပျက်စွာ တွေးမိလိုက်၏ ။
ထိုအခိုက် နဂါးနက်ခွေး သတိပေးလာခြင်းကြောင့် ငရဲမီးနဂါးနှင့် ခရမ်းရောင်မြွေ မြေပေါ် ဝပ်ကာ နဂါးနက်ခွေး၏ ကြည့်နေရာကို စုပင်း လိုက်ကြည့်လိုက်လျှင် ကောင်းကင်ထက် ပျံဝဲနေသည့် ရသေ့ပျံလွှား တစ်ကောင်အား အစက်တစ်စက်အလား တွေ့လိုက်ရ၏ ။
စုပင်းက မျက်စိစောင်းကာ အပူချိန် ခြေရာခံ စက်များထက် အသုံးဝင်သည့် အလွန် ကောင်းမွန်သော မျက်လုံး အမြင်ရှိခြင်းကြောင့် သာမာန် ကိုယ်ယောင်ဖျောက်မှု အသုံးမဝင်သော်လည်း အပူချိန်နိမ့် သားရဲများအား ခြေရာမခံနိုင်သည့် အားနည်းချက် ရှိသော နာမည်ကြီး အဆင့်ရှစ် ကင်းထောက် သားရဲအား ကြည့်လိုက်၏ ။
သဘာဝအတိုင်း နေသည့် သားရဲ အများစုမှာ တမင် ကိုယ်အပူချိန်အား လျော့ချခြင်း မရှိလျှင် ရသေ့ပျံလွှားအတွက် မြင့်နိုင်သော်လည်း ထိုသို့ နည်းလမ်းမှာ သားရဲစစ်သည်များသာ ထိုမျှ စဥ်းစားနိုင်၏ ။
ရသေ့ပျံလွှားမှာ အဖွဲ့နှင့် နေသော သားရဲအမျိုးအစား ဖြစ်ခြင်းကြောင့် နောက်ထပ် ရသေ့ပျံလွှားများ ရှိနေနိုင်သည်။မဟုတ်လျှင် သားရဲစစ်သည် ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သောကြောင့် စုပင်း သေချာစွာ ကြည့်ပြီး ပိုင်ရှင်ရှိလျှင် ပိုင်ရှင်မှာ ၂၅ ကီလိုမီတာအတွင်း ရှိနေရမည် ဖြစ်ကြောင်းလည်း တွေးမိလိုက်၏ ။
ထိုသိူ့ အသိပညာမှာ သင်တန်းကျောင်းမှ သင်ပေးသော်လည်း စုပင်းအတွက်မူ ကျင့်ကြံခြင်း နယ်မြေမှ သင်ခန်းစာ ဖြစ်၍ အခြားသူများ အာရုံ မစိုက်စေရန် တိုက်ခိုက်မှုအား ရှောင်နိုင်သမျှ ရှောင်ကာ ရတနာကို ယူပြီး ပြေးရန် စုပင်း စိတ်ကူးနေ၏ ။
"ဒီပျံလွှားဆီက မလွတ်နိုင်ဘူး ။ ပိုင်ရှင်က အဆင့်ရှစ် သားရဲစစ်သည် ဖြစ့ရင် သူက ငါရှိနေမှန်း သိလောက်ပြီ" စုပင်း ဝေခွဲမရ ဖြစ်နေစဥ် ရသေ့ပျံလွှား အဝေးသို့ ပျံသွား၏ ။
"ဘာလုပ်တာလဲ ။ သူ့ပိုင်ရှင်က အန္တရာယ် တွေ့လို့လား" စုပင်း စဥ်းစားပြီး ရသေ့ပျံလွှားနောက် လိုက်သွားရာ သစ်ပင် အသေများ ပြည့်နေသည့် ရင်းနှီးသော နေရာသို့ ရောက်လာ၏ ။
လေထဲရှိ ပုပ်ပွနေသော အနံ့များမှ မည်သည့်နေရာ ဖြစ်ကြောင်း ပြောပြနေလျှင် စုပင်း သူ၏ သားရဲများအား တိတ်ဆိတ်စွာ နေရန် ပြောပြီး ဆက်သွားလိုက်၏ ။
"ဒီနားမှာ ဝိညာဥ် စွမ်းအင် သစ်သီး ရှိနေတယ်"
ထိုသို့သော သစ်သီးမှာ မသေမျိုး စွမ်းအင်နှင့် ပြည့်နေကာ မသေမျိုး သားရဲများအတွက် အကောင်းဆုံး သာသရဲအစာ ဖြစ်၍ အဆင့်နိမ့် မသေမျိုး သားရဲမှ စားသုံးလျှင် ချက်ချင်း ဆင့်ကဲပြောင်းလဲသွားနိုင်၏ ။
ထိုအသီးမှာ ယခုနယ်မြေမှ အကောင်းဆုံး ရတနာမှ တစ်မျိုး ဖြစ်သော်လည်း စုပင်းမှာ အဓိက တစ်ခုအား စိတ်စွဲနေခြင်းကြောင့် သတိမရခဲ့ပေ ။
ထိုအသီးအား ရရန် အလွန်ခက်ခဲခြင်းမှာ များစွာသော အဆင့်ကိုး သားရဲများ တောအုပ်ထဲ ရှိနေသည့်အပြင် ကာကွယ်ရန် ခက်ခဲသော စိတ်စွမ်းအင် တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သည့် အဆင့်ကိုးအမြင့် အသက်မဲ့ တစ္ဆေတစ်ကောင် စောင့်ကြည့်နေခြင်း ဖြစ်၏ ။
နဂါးအကြေးခွံ နယ်မြေတွင် ထို အသက်မဲ့ တစ္ဆေနှင့် တိုက်ခိုက်ရာ စုပင်းနှင့် ငရဲမီးနဂါး အကြိမ် တစ်ဒါဇင်ခန့် သေခဲ့ရခြင်းကြောင့် မီးတောက် ရေနဂါးထက်ပင် ပို၍ ခက်ခဲသည်ဟု စုပင်း သတ်မှတ်ထား၏ ။
စုပင်းက အရိုးခြောက်ကလေးအား ဆင့်ခေါ်ရာ ထွက်လာသည်နှင့် ချက်ချင်း မလှုပ်သေးဘဲ အနားမှ ကြွယ်ဝသော မသေမျိုးစွမ်းအင်အား ခံစားရလျှင် ကျေနပ်စွာ ခုန်နေ၏ ။
အဖွဲ့အားလုံး စုံသွားချိန် စုပင်း တောအုပ်အထဲ ဖြည်းညင်းစွာ တိုးဝင်သွား၏ ။
တောအုပ်၏ အလယ်ရှိ မိုးမျှော်နေသော အပင်များ အကြား မြေတစ်နေရာတွင် တစ်ပင်လုံး အနက်ရောင်နှင့် သရဲများ အော်သံ သဲ့သဲ့ ကြားရသော အနက်ရောင် မြူခိုး တစ်ချက်တစ်ချက် ထွက်နေသည့် အပင်အသေးတစ်ပင် ရှိနေ၏ ။
ထိုအပင်၏ ဘေးတွင် လူအဖွဲ့ နှစ်ဖွဲ့ အရွယ်အစား မျိုးစုံ သားရဲများနှင့် ရှိနေကာ အဖွဲ့အကြီးတွင် လူကိုးယောက် ပါရှိပြီး သားရဲ သုံးကောင်သာ ဆင့်ခေါ်ထားသော်လည်း သားရဲပို၍ ဆင့်ခေါ်ထားသည့် ခြောက်ယောက်အဖွဲ့နှင့် မခြားနားစွာပင် ရှိနေ၏ ။
"ထန်မိသားစုက မြို့တွေမှာ လေးစားခံရတာ သိတယ် ။ ဒါပေမဲ့ ဒါက မြို့မဟုတ်ဘူး ။ ဒါက ငါတို့ အရင်တွေ့တာ ။ ငါတို့ ယူမယ်"
ပြောသူ၏ လက်ထဲ ချိတ်ပိတ်ထားသော သေတ္တာ ရှိနေပြီး မလုံ၍ ဖြစ်စေ အထဲမှ အရာအား အပြည့်အဝ မဖုံးကွယ်နိုင်၍ ဖြစ်စေ သေးငယ်သော အနက်ရောင် မြူခိုး တစ်ချက်တစ်ချက် ထွက်လာနေ၏ ။
ရသေ့ပျံလွှား ၏ အကူအညီနှင့် ရှားပါး တစ္ဆေအပင်အား တွေ့သော်လည်း အခြားသူမှ အသီးအား ယူပြီးကြောင်း တွေ့လိုက်ရလေ၏ ။
ပြောကြသည်မှာ ထိုအပင်မှ နှစ် တစ်ထောင်တွင် မသေမျိုးသားရဲများအတွက် အလွန် အကျိုးရှိသည့် အသီးတစ်လုံး သီးကာ ထန်မိသားစုတွင် ထိုသို့ သားရဲ ပိုင်ဆိုင်သူ များပြားစွာ ရှိခြင်းကြောင့် အသီးအား ယူ၍ နောက်မျိုးဆက်အား ခွန်အားကြီးစေရန်တွင် သုံးရန် ဆန္ဒ ရှိနေ၏ ။
"ဘယ်သူလဲဆိုတာ သိနေရင် ပေးလိုက်တော့လေ ။ ဒါနဲ့ လွတ်သွားရင်တောင် ကြာကြာ သိမ်းထားပြီး အသက်ရှင်နိုင်မယ် မထင်ဘူး"
ကျိုဖန်းကန်က အေးစက်စွာ ပြောလိုက်တော့သည် ။








ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now