အခန်း ၁၃၇ စုပင်းအတွက် ထောက်ခံသူ

720 66 0
                                    

အခန်း ၁၃၇ စုပင်းအတွက် ထောက်ခံသူ
ဘာသာပြန်.Soul

စုလင်းယွဲ့သည်လည်း စုပင်း၏လက်ချာအချိန်အား တက်ခဲ့ပြီးနောက် သူမတွင် မသေမျိုးသားရဲမရှိသော်လည်း ယခင်ကထက်   အသိဥာဏ်များ ရလာခဲ့တာ အမှန်ပဲဖြစ်သည်။

ငရဲမီးနဂါးအား မတွေ့ရ၍ အနည်းငယ် စိတ်ပျက်သွားမိသော်လည်း လက်ချာကွင်းထဲမှ ထွက်ချိန် အခြားသူများ တီးတိုးဝေဖန်နေသည်အား​ကြားပြီး

"ဘာပြောတာလဲ။သူ့မှာ နဂါးသားရဲ ရှိရှိ မရှိရှိ နင်တို့နဲ့ ဘာဆိုင်လဲ ။သူ့မှာ မရှိရင်တောင် နင်တို့ထက် သာနေဦးမှာပဲ။မကောင်းကြောင်း လိုက်မပြောနဲ့" ဒေါသနှင့် ပြောလိုက်၏ ။

ယီဟိုမှာ တတိယနှစ်များ၏ ချန်ပီယံ ဖြစ်သလို စုလင်းယွဲမှာလည်း ပထမနှစ်၏ချန်ပီယံ ဖြစ်ခြင်းကြောင့် အားလုံးရှိန်ကြ၍ ပြောခံရသော ကျောင်းသားများ မကျေမနပ်နှင့်လှည့်ကြည့်ရာ စုလင်းယွဲ့အား တွေ့လျှင် ပါးစပ် ပိတ်သွား၏ ။

သို့သော် စုလင်းယွဲ့ ဖြစ်စေကာမူ ကျောင်းသူတစ်ယောက် အလျော့မပေးပဲ "ဒါက အမှန်တရားပဲလေ။ဘာလဲ အမှန်တောင် ပြောခွင့် မရှိဘူးလား"ဟုပြောလာ၏။

"ပြောတာကတော့ ဟုတ်ပြီ။ဒါပေမယ့် နင်အဆင့်နဲ့ တန်လို့လား" စုလင်းယွဲ့ အေးစက်စွာ ကြည့်ပြီး မေးလိုက်၏ ။

"ပထမနှစ်ရဲ့ ချန်ပီယံ ဖြစ်တာနဲ့ လုပ်ချင်တာ လုပ်လို့ရပြီ ထင်နေတာလား" ထိုကျောင်းသူက စုလင်းယွဲ့အား ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်၏။

"ဟမ့် ကြိုက်တာ လုပ်တယ်ဟုတ်လား။ဒီစကားလုံးကို သုံးရဲတယ်ပေါ့။နောက်တစ်ခါ ပြောနေတာ ကြားရင် ကျောင်းဆေးခန်း တစ်ခါထဲ ပို့ပေးလိုက်မယ်" စုလင်းယွဲ့ အေးစက်စွာ ပြောလိုက်သည် ။

ထိုအခါမှ အခြားသူများလည်း ပါးစပ်ပိတ်သွားပြီး ထိုကျောင်းသူအား ဆွဲခေါ်သွားကြတော့သည်။

ထိုကျောင်းသားအဖွဲ့ ထွက်သွားသည်ကို စုလင်းယွဲ့ ကြည့်နေပြီးနောက် စုပင်းနှင့် ပက်သက်၍ မကောင်းပြောသည်အား အဘယ်ကြောင့် သူမ ဒေါသ ထွက်နေသနည်းဟူ၍ သတိရလာခဲ့ကာ ယခင်ထက်ပိုပြီး ဒေါသ ထွက်လာ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now