အခန်း ၁၇၄ နဂါးဟိန်းသံ

686 63 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၇၄

နဂါးဟိန်းသံ

ဘာသာပြန်. Soul

နီချန်းခုန် ညွှန်ပြရာအား အားလုံး ကြည့်လိုက်လျှင် တောင်တန်း နှစ်ခုကြားရှိ နေရောင် မမြင်ရသည့် တောင်ကြား တစ်ခုသို့ ဝင်ပေါက်အား တွေ့လိုက်ရ၏ ။

ထိုအပေါက်ဝမှ ထွက်လာသည့် လေတိုးသံများမှာ တစ္တေညည်းသံအလား ကြားရ၍ အားလုံး ကျောချမ်းနေကြသည်။ အဝေးမှ ရနေသည့် အပုပ်အပွနှင့် အညစ်အကြေး အနံ့များက ကြောက်မက်ဖွယ်ရာ ပူပြင်းသည့် ပတ်ဝန်းကျင်တွင် ပေါ်နေ၏ ။

စုပင်းသည် အကြိမ်ကြိမ် သေခဲ့ရသည့် အတွေ့အကြုံများအား ပြန်ကာ စဥ်းစားနေ၏ ။

"အားလုံး ဂရုစိုက်ကြပါ ။ တခုခုတွေ့ရင် ချက်ချင်းပြော" နီချန်းခုန်က အသံနှိမ့်ကာ ပြောလျှင် ကျိုးကျင်းနှင့် ကောယွဲ့လင် သားရဲများမှ အာရုံ မခွာပဲ သဘောတူကာ လူအိုမိုမှာ ခေါင်းညိတ်ပြလာ၏ ။

"ဂီး"

နဂါးနက်ခွေးမှာ မျက်လုံးမှ စိတ်လှုပ်ရှားမှု၊ သွေးဆာခြင်းများနှင့် လှုပ်လှုပ်ယွယွ ဖြစ်နေပြီး စုပင်း ထိန်းထားခြင်း မရှိလျှင် အထဲ ပြေးဝင်သွားမည် ဖြစ်၏ ။

"ဘာဖြစ်လို့လဲ မစ္စတာစု"

နဂါးနက်ခွေး၏ ထူးခြားသော အခြေအနေအား တွေ့လျှင် နီချန်းခုန်က မေးကြည့်ကာ စုပင်း၏ မျက်နှာမှ အရေးကြီး သဲလွန်စအား လွတ်သွားမည့်အလားအဘိုးကြီးမိုလည်း ကြည့်လာ၏ ။

"သားရဲရဲ့ အာရုံခံတာ မမှားရင် ငရဲပင့်ကူတွေ ဒီထဲမှာ ရှိတယ် ။ အားလုံး သတိထားကြပါ"

နဂါးနက်ခွေးနှင့် မဆိုင်သော်လည်း ရောက်နေသည့် နေရာနှင့် ရင်းနှီးနေ၍ အခွင့်အရေးယူကာ စုပင်း ပြောလိုက်၏ ။

"ငရဲပင့်ကူ? တစ်ခါမှ မကြားဖူးဘူး"

နီချန်းခုန်က နားမလည်ဟန်နှင့် မေးပြီး အခြားသူများလည်း နားမလည်နိုင် အမူအယာ ဖြစ်နေလေ၏ ။

"ရှေးက သားရဲ တစ်မျိုးပါ ။ ရှေးဟောင်း သုတေသီတွေပဲ အားလုံး သိတာကြောင့် မသိဘူးဆိုတာ မထူးဆန်းပါဘူး" ထိုပင့်ကူများ မျိုးတုန်းသည်မှာ ကြာမြင့်ပြီဖြစ်၍ ဗဟိုအစိုးရ ထုတ်ထားသည့် သားရဲများ စာအုပ်များတွင် မပါဝင်ကြောင်း သတိရကာ စုပင်း ပြောပြလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now