အခန်း ၄၆ မီးလျှံတန်းအစွမ်း ရရှိခြင်း

796 113 0
                                    

အခန်း ၄၆ မီးလျှံတန်းအစွမ်း ရရှိခြင်း

ဘာသာပြန်.Soul

သားရဲ ပြိုင်ပွဲကွင်းထဲတွင် ဝင်ပြိုင်၍ မရသူများ စိတ်လှုပ်ရှားစွာ ပွဲကြည့်စင်မှ အော်ဟစ် အားပေးနေကြသည် ။

လက်ရည်စမ်းပွဲမှ တက်လာပြီး ကျန်ရှိနေသော ကျောင်းသား အယောက် တစ်ရာမှာ ကျောင်းရှိ အသန်စွမ်းဆုံး သူများ ဖြစ်ကာ ဆယ်လီ ကျောင်းသားများ သိပ်မတွေ့ရတော့ပေ ။

ထိုအခိုက် ပွဲများမှာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာပြီး သားရဲများမှာလည်း အဆင့်သုံး အနိမ့်ဆုံး သုံးကြကာ အဆင့် နှစ်သားရဲဆိုလျှင် ချက်ချင်း အနိုင်ယူနိုင်ကြ၏ ။ ထိုသို့ သန်စွမ်းသော ကျောင်းသားများ တိုက်ခိုက်ခြင်းကြောင့် ပိုမို အားပေးသံများ ဆူညံနေကြသည် ။

"မလောနဲ့ ။ ဆယ်မိနစ် ရသေးတယ်" ဆုယန်းယင်းနှင့် လန်းလီလီ ပြိုင်းပွဲကွင်းထဲ ရောက်လာကာ သူမတို့ အတန်းနေရာအား ရှာပြီး သွားထိုင်နေလိုက်၏ ။ ထိုအချိန် စင်ပေါ်တွင် အခြား ကျောင်းသားနှစ်ယောက် တိုက်ခိုက်နေကြပြီး မည်သူမျှ အသာစီး မရသေးပေ ။

ဆုယန်းယင်း ပွဲအား ကြည့်ရင်း တစ်စုံတစ်ယောက်မှ ကြည့်နေသည်ဟု ခံစားလိုက်ရ၍ မျက်လုံးဝေ့ကြည့်လိုက်ရာ သူမရှေ့မှ ရေခဲကျင်းဟု နာမည်တွင်နေသော ကျင်းဟန်းဘင် ဖြစ်ကြောင်း တွေ့လိုက်ရ၏ ။

သူမတို့ နှစ်ယောက်မှာ မူလက ရန်ညှိုး မရှိကြသော်လည်း အခြားသူများ၏ ဟိုပြော ဒီပြောကြောင့် ရန်ဖက်များ ဖြစ်လာကြခြင်း ဖြစ်၏ ။

ထိုသို့ အချိန်ကြာလာသည်နှင့် ဆုယန်းယင်းလည်း ကျင်းဟန်းဘင်ကို သတိထားမိလာပြီး ရန်ဖက်များ ဖြစ်လာကြ၏ ။

သူမ၏ သားရဲများကို စမ်းသပ်ကြည့်ပြီးနောက် ကျင်းဟန်းဘင်ကို သူမနိုင်နိုင်ကြောင်း ဆုယန်းယင်း သိတေ၏။ ယခင်ကဲ့သို့ ညီမျှနေခြင်း မရှိပေ။

"ယင်းယင်း ၊ အလှည့်ရောက်ပြီ ။ နိုင်ပြီး ပြန်လာမှာကို စောင့်နေမယ်" လန်းလီလီ ဒီဂျစ်တယ်ဘုတ်မှ နာမည်တွေ့သဖြင့် ဆုယန်းယင်းအား သတိပေးလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now