အခန်း ၁၅၉ အဖွဲ့သားများ စုဝေးခြင်း

717 63 0
                                    

အခန်း ၁၅၉ အဖွဲ့သားများ စုဝေးခြင်း

ဘာသာပြန်. Soul

"ဒါဆို ခေါင်းဆောင်ကို မေးကြည့်လိုက်ဦးမယ်" စုပင်းအား ဦးစားပေး၍ ရတနာ တစ်ခု ပေးခြင်းသည် သူတို့ အတတ်နိုင်ဆုံး အရာသာ ဖြစ်‌ေလသည်။ အားလုံး ရတနာများ ရလာချိန်တွင် စုပင်း အမြင် မကောင်းလျှင် မကောင်းသော ရတနာအား ရွေးချယ်နိုင်ခြင်းကြောင့် ယီချန်းရှန် ခေတ္တ စဥ်စားပြီး ပြောလာ၏ ။

ယီချန်းရှန်သည် စုပင်းအား လျှို့ဝှက်ထားသည့် အကြောင်းအရာမှာ ရမည့် ရတနာ အရေအတွက်နှင့် အချက်အလက်အား သူတို့အကြမ်းဖျင်း သိထားပြီးဖြစ်လေသည်။  ထိုအကြောင်းအရာအား လျှို့ဝှက်ထားပြီး အကောင်းဆုံး ရတနာအား အဖွဲ့မှ လူများသာ ရစေလိုခြင်း ဖြစ်၏ ။

ခွဲဝေရာတွင် အားလုံးအတွက် မျှတရမည် ဖြစ်ခြင်းကြောင့် ယီချန်းရှန် ချက်ချင်း သဘောမတူမှုကို စုပင်း နားလည်နေ၏ ။

ယီချန်းရှန် သူ့ ခေါင်းဆောင်နှင့် အဆက်အသွယ် ရချိန် တစ်ဖက်မှ အသက်လေးဆယ်အရွယ် ယောက်ျားတစ်ယောက် အသံနှင့် ပြန်ဖြေလာ၏ ။

စုပင်း အကြားအာရုံမှာ အလွန် ကောင်းပြီး ကြယ်တာရာ စွမ်းအင်နှင့် အသံအား ဖြတ်တောက်ထားခြင်း မရှိလျှင် ခပ်ဝေးဝေး သွားသည်ပင် ကြားရမည် ဖြစ်ခြင်းကြောင့် ယီချန်းရှန် အထူးအထွေ အဝေးသွားကာ မပြောတော့‌ေချ။ သူ၏ ရိုးသားခြင်းအား စုပင်းထံ ဖော်ဆောင်သည့် သဘောနှင့် ဖြစ်၏ ။

ရလဒ်အတွက်မူ ယီချန်းရှန် ခန့်မှန်းပြီး ဖြစ်ကာ ပုံမှန် လုပ်ရိုးလုပ်စဥ်အတိုင်း သူ့ခေါင်းဆောင်အား ဆက်သွယ်ပြီး မေးခွန်း မေးရင်း မလွယ်ကူမှန်း သိနေ၏ ။

"နှစ်သန်းကတော့ နဲနဲ များပါတယ်" တစ်ဖက်မှ ပြောလာလျှင်

"မစ္စတာစုက ကျွန်တော့အပေါ် အသက်ကယ်ခဲ့တဲ့ ကျေးဇူးရှိတာ ခေါင်းဆောင်လဲ သိတာပဲကို"

ယီချန်းရှန် ပြောလိုက်ရာ

"ငါက နားလည်ပေမဲ့ အဖွဲ့နဲ့ အလုပ်လုပ်တာဆိုတော့ တခြားသူတွေလဲ ရှိသေးတယ်လေ" တစ်ဖက်မှ ပြောလာခဲ့၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now