အခန်း ၁၅၃ နာမည်ကျော်

724 64 0
                                    

အခန်း ၁၅၃ နာမည်ကျော်

ဘာသာပြန်. Soul

ကျန်းပေါင်းစင်းနောက်တွင် စုပင်း၏ လေ့ကျင့်ပေးမှုကြောင့် ထူးချွန်ကျောင်းသား စာရင်း ဝင်လာသူ လုပင်းဖေး ရှိနေပြီး အခြားသူများအား စုပင်း နာမည် မမှတ်မိသော်လည်း အားလုံးက သူနှင့် မျက်မှန်းတန်းရင်းနှီးနေပြီးသား ကျောင်းသားများ ဖြစ်သည်။

"ပရော်ဖက်ဆာ ဒီနေ့ ကြည့်ကောင်းနေတယ် "
"ဆရာက ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဟုတ်တယ်မဟုတ်လား "

ထိုအားလုံးမှာ စုပင်းနှင့် ဖေးယန်ဘိုတို့၏ ပွဲအား ကြည့်ဖူးသည့် သူများ ဖြစ်သည်။စုပင်းသည် အသက်ငယ်ငယ်နှင့် အဆင့်မြင့် ဆရာတစ်ယောက် ဖြစ်လာယုံမက ကိုယ်ပိုင် ခွန်အားမှာ အလွန်သန်မာနေခြင်း​ကြောင့် ယခုလိုမျိုး အနီးကပ်မြင်တွေ့ခွင့်ရသည်အား ၎င်းတို့ကို အလွန်ဝမ်းသာကျေနပ်နေစေ၏။

ကျောင်းမှလည်း စုပင်းအပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားနေသည့်အပြင် ဘွဲတံဆိပ်ရသားရဲစစ်သည်တစ်ဦး ဖြစ်ခြင်းကြောင့် အကယ်၍သာ စုပင်းက ဒုကျောင်းအုပ် ဖြစ်ချင်လျှင်ပင် တောင်းဆို၍ ရနေပြီ ဖြစ်၏။

"အဲ့အဆင့်လား..။ရောက်တော့ မရောက်သေးဘူး။နည်းနည်းလောက် လှည့်စားလိုက်တာ။ဒါနဲ့ ဒီနေ့ရော ဘယ်သားရဲကို လေ့ကျင့်မှာလဲ" စုပင်း ပြောလိုက်သည်။သူက စီးပွားရေးကိုသာ ပို၍ စိတ်ဝင်စားနေ၏။

"အမ် ဒါဆို ပရော်ဖက်ဆာက ဘွဲ့နဲ့ သားရဲစစ်သည် မဟုတ်ပဲ ဘယ်လို ပျံနိုင်တာလဲ"ဟု ကျန်းပေါင်းစင်း မေးလိုက်ရာ "ဟုတ်တယ်၊ ဘယ်လို လှည့်စားမှုမျိုးလဲ  ပရော်ဖက်ဆာကျွန်တော်တို့ကိုလည်း သင်ပေးပါလား"ဟု အားလုံး စိတ်ဝင်စားစွာဖြင့်ပြောလာကြ၏။

"ဒါက လူတိုင်းလွယ်လွယ် လေ့လာလို့ ရတာမျိုး မဟုတ်ဘူး။ပြီးရင် ဒါက သားရဲ စတိုးဆိုင် ။ သားရဲ လေ့ကျင့်ခိုင်းစေချင်ရင် လာခဲ့" စုပင်း စိတ်မရှည်စွာ လက်ခါပြီး ပြောလိုက်၏ ။

"ဒါဆို လက်ရှိ ဆရာ့ အဆင့်က ဘယ်မှာလဲ။ပြီးတော့လည်း ပျံလို့ရအောင် လုပ်နိုင်တဲ့ လှည်စားမှုမျိုး ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး" ​ကျန်သူများလည်း လွယ်လွယ်အလျော့ပေးလိုစိတ်မရှိပဲ စုပင်းအား ဆက်ပြီးမေးမြန်းလာကြ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now