အခန်း ၁၀၃ မသေမျိုးသားရဲနှင့် ဝယ်သူ

765 79 0
                                    

အခန်း ၁၀၃ မသေမျိုးသားရဲနှင့် ဝယ်သူ
ဘာသာပြန်.Soul

စုပင်း၏ နောက်မှ ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင် ရှိနေသည် ထင်ထား၍ ဒေါင်မင်းဆောင်း၏ ဦးဆုံး အတွေးမှာ အဆမတန် တောင်းသည်ဟု ထင်ကာ ထိုအတွေးနှင့် စင်ပေါ်မှ ပစ္စည်းများ ကြည့်လိုက်ရာ စွမ်းအင်အမျိုးမျိုးနှင့် ပြည့်နေသော ပန်းနှင့် ရှားပါး အပင်များ တွေ့လိုက်ရ၏ ။

ရေခဲ ၊ မီး ၊ လျှပ်စီးအပြင် သေခြင်း အမျိုးအစားပါ သတိထားမိ၍ "ဒီပုလင်းထဲက ဘာလဲ" ပုလင်း အကြည် တစ်ခုထဲရှိ အစေ့များ ကပ်နေသော အစိမ်းရောင် အသီးတစ်ခုအား မေးကြည့်လိုက်၏ ။

"ဒါက လေသစ်သီးလို့ ခေါ်တယ် ။ စားရင် သားရဲရဲ့ လျင်မြန်မှုကိုတိုးလာစေနိုင်ပြီး လေမျိုးနွယ်သားရဲစွမ်းရည်တစ်ခု တတ်ဖို့ အခွင့်အရေး နည်းနည်းရှိတယ်" စုပင်း ရှင်းပြလိုက်၏ ။

"လေမျိုးနွယ်သားရဲ စွမ်းရည်တစ်ခု တတ်နိုင်တယ်?" ဒေါင်မင်းဆောင်း အံ့ဩသွားသည့်အပြင် ဘေးမှ ကြားလိုက်သော လျိုကုဆူးလည်း သားရဲအစာ စျေးနှုန်းကြောင့် အံ့ဩနေရာမှ ထိုစကားကြောင့် ပိုအံ့ဩသွား၏ ။

"နည်းနည်းပါပဲ ။ ပုံမှန် ကျွေးပေးရင်တော့ ပိုသေချာမယ် ။ လေမျိုးနွယ်သားရဲရဲ့ သွေးမျိုးဆက် ပေါင်းဖို့ အခွင့်အရေးလဲ ရှိလို့ တခြား မျိုးနွယ် သားရဲတွေလဲ လေမျိုးနွယ် အစွမ်းသုံနိုင်မယ် ။ ဒါပေမဲ့ ဒါက တစ်ခုထဲသော ကျန်တဲ့ အသီးပဲ" စုပင်း ပြောပြလိုက်၏ ။

ဒေါင်မင်းဆောင်းတွင် အနှစ်သက်ဆုံး သားရဲမှာ လေမျိုးနွယ် သားရဲ ဖြစ်၍ စျေးအား ကြည့်လိုက်ရာ လူများ မြင်လျှင် နောက်ဆုတ်သွားမည့် စျေးနှုန်းဖြစ်သော ၇၈၀၀၀ ဖြစ်နေသော်လည်း စုပင်း ပြောသကဲ့သို့ အကျိုး ရှိလျှင် တန်သည်ဟု တွေးမိနေ၏ ။

"ဒါယူလိူက်မယ် ။ ပင်လယ်မုန်တိုင်း သိမ်းငှက် ရှိတာနဲ့ အတော်ပဲ ။ ဒါက အသုံးဝင်လောက်တယ်" ထိုမျှလောက်ငွေကြေးမှာ သူ့အတွက် မပြောပလောက်သည့်အပြင်  ပြောသည့်အတိုင်း မဖြစ်စေကာမူ စုပင်း၏ ဆိုင်အား အားပေးသည့်သဘောနှင့် ဒေါင်မင်းဆောင်း ဝယ်လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now