အခန်း ၁၆၈ ရှေ့ဆောင်သူများ အဆင့်

662 63 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၆၈

​ရှေ့ဆောင်သူများ အဆင့်

ဘာသာပြန်. Soul

စုပင်း မှတ်မိသလောက် စနစ်တွင် အခြေခံ အမွေအနှစ် နယ်မြေ သန်းနှင့်ချီ ရှိကာ နဂါးဘုရင် အမွေအနှစ် နယ်မြေ ထိုနယ်မြေကြားမှ တစ်ခုသာ ဖြစ်သည်။ ယခုမူ ယင်းနယ်မြေအား ကိုယ့်မျက်လုံးနှင့်ကိုယ် မြင်လိုက်ရ၍ စုပင်း အံ့ဩသွား၏ ။

စနစ်၏ သတ်မှတ်ချက်အရ နဂါးဘုရင် အမွေအနှစ် နယ်မြေမှာ သေဆုံးချိန် ကြာမြင့်ပြီ ဖြစ်သည့် ​ရှေးက စစ်သည်တစ်ဦး ထားထားခဲ့ခြင်း ဖြစ်ပြီး အလွန် မြင့်မား‌သော ခွန်အားမရှိလောက်။

ယနေ့ခေတ်အချိန်တွင် ထိုရှေးဟောင်း နေရာများမှာ ပျက်စီး၍ ဖြစ်စေ အခြားသူ တူးဖော်ပြီး ဖြစ်စေ ရှိနေနိုင်သည်။ အခြားသော နေရာများမှာ အမည်မသိ ဂြိုလ်များပေါ်တွင် တည်ရှိနေ‌ေသး၏ ။

သူ၏ ရှေ့ရှိ ကြီးမားသော နဂါးအရိုးခေါင်းအား ကြည့်ရင်း စုပင်း တစ်စုံတစ်ရာအား သတိရလာသည်။ ဤနေရာက နဂါးဘုရင် ‌အမွေအနှစ်နယ်မြေဖြစ်နေပါက လျှို့ဝှက်နယ်မြေတွင် အမွေအနှစ်ရှိနေနိုင်သည် မဟုတ်ပါလား။

သို့သော် အမွေအနှစ်အတွက် အရည်အချင်း ပြည့်မီရန် နဂါးမျှော်စင်အား ထိပ်ဆုံးထိ ရောက်အောင် တက်ရန်နှင့် နဂါးအကြေးခွံ နယ်မြေ အားလုံး ရှင်းလင်းရန် လိုအပ်ကြောင်း သတိရကာ စုပင်း၏ စိတ်လှုပ်ရှားမှု ပြန်လည် ငြိမ်သက်သွား၏ ။

ယီချန်းရှန် ပြောပြချက်အရ နယ်မြေ ၁၀၉ ခုမှ ၅၇ ခုသာ ရှင်းလင်းပြီး ဖြစ်၍ များစွာသော နယ်မြေ ကျန်နေသည်။  အားလုံး ရှင်းလင်းပြီးတွင် စမ်းကြည့်နိုင်သော်လည်း ယခုအချိန်တွင် စုပင်းလည်း ဘာမျှ မတတ်နိုင် ဖြစ်နေလေ၏ ။

ထိုအခိုက် နဂါးဘုရင် အမွေအနှစ် နယ်မြေနှင့် လျှို့ဝဏ္ဍက်နယ်မြေက တူညီ‌ေနလျှင် ရရှိမည့် ရတနာများ တူညီမည် ဟူသည့်အတွေးက  စုပင်းထံ ဝင်လာ၏ ။

ထိုအတွေးကြောင့် စုပင်းမျက်လုံး အရောင် တစ်ချက် တောက်သွား၍ ချက်ချင်းဆိုသလို အခြားသူများ မသိခင် ပြန်ပျောက်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now