အခန်း ၁၉၂ နဂါးဥများ

703 70 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၂
နဂါးဥများ

ဘာသာပြန်. Soul

စုပင်းက လမ်းအား သိနေခြင်းကြောင့် မြန်ဆန်စွာ စစ်ဆေးရေး အခန်းသို့ သွားလိုက်ပြီး လူတန်းနောက်မှ ခနအကြာ ရပ်စောင့်ကာ မကြာသေးမှီမှ ထွက်သွားခဲ့သော အခန်းထဲ ပြန်ဝင်လာ၏ ။
"မစ္စတာစု ၊ နောက်ထပ် စူးစမ်းရေးက ပြန်လာတာလား" စုပင်းအား တွေ့လျှင် ချင်ရှုဟိုင် အံ့ဩသွားသော်လည်း ချက်ချင်း သတိပြန်ဝင်၍ မေးလာလျှင် စုပင်း ခေါင်းသာ ညိတ်ပြလိုက်၏ ။
ကြီမားစွာ အကျိုးအမြတ် ရဖူးသူသည် နောက်ထပ် သွားမည်ကို သိထားခြင်းကြောင့် ချင်ရှုဟိုင်က မေးခွန်း ထပ်မမေးတော့ပဲ နေလိုက်၏ ။
စုပင်းက အိတ်ကို ဖွင့်၍ အဆင့်ခုနစ် သားရဲမှ စွမ်းအင် ပုံဆောင်ခဲ နှစ်ခုအား ထုတ်ခဲ့သည်။ သို့သော် ချင်ရှုဟိုင်မှာ ထို့ထက် ပိုကာ မျှော်လင့်ထားခြင်းကြောင့် ကြည့်ပြီး မျက်မှောင်ကြုံ့သွား၏ ။
"ကြည့်ရတာ ကံမကောင်းခဲ့ဘူးထင်တယ် မစ္စတာစု"
ချင်ရှုဟိုင်က ပြောရာ
"ဟုတ်ပါတယ်"
စုပင်း စိတ်ပျက်စွာ ဖြေလိုက်၏ ။
"မပူပါနဲ့ ။ နောက်ထပ် စမ်းကြည့်ရင် အရင်တစ်ခါလို ရတနာတွေလဲ ရနိုင်ပါတယ်"
ချင်ရှုဟိုင်က နှစ်သိမ့်လျှင်
"အဲ့လို အတွေး ရှိပါတယ်"
စုပင်းက ပြောလိုက်၏ ။
အခန်းထဲရှိ အခြားသော ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များမှလည်း စုပင်းအား တန်းတူအတိုင်း ရင်းနှီးစွာ ဆက်ဆံနေသော်လည်း ဖန်းအမျိုးသမီးမှာ စုပင်းအပေါ် အမြဲ သံသယ ရှိနေ၏ ။
"ကြယ်တာရာ ဝိညာဥ် သစ်သီး ရတာပဲ ကံကောင်းတာကို နောက်တစ်ခါ ကံကောင်းဦးမယ် ထင်နေတာလား"
ဖန်းအမျိုးသမီး အထင်သေးဟန်နှင့် ပြောသော်လည်း အခြားသူများ အရေးမလုပ်ကြပေ ။
"ငါဆိုရင်လဲ တခြား နယ်မြေတွေမှာ ကံစမ်းကြည့်မှာပဲ"
"ဟုတ်တာပေါ့ ။ ကံဆိုတာ ခန့်မှန်းလို့မှ မရတာ ။ ဘာဖြစ်လာမလဲ ဘယ်သူသိလဲ ။ ဒါကြောင့် လုပ်စရာရှိတာ လုပ်နေဖို့ပဲ လိုတယ်"
အခြားသူများ စုပင်းအား ထောက်ခံနေ၏ ။
စစ်ဆေးရေး ပြီးလျှင် ဝင်ပေါက်သို့ ပြန်သွားကာ ခေါ်နေသည့် အဖွဲ့များအား ငြင်းရင်း စုပင်း ရပ်စောင့်နေ၏ ။
အလုပ်လုပ်ပုံအား ရင်းနှီးနေပြီ ဖြစ်၍ ပြောပြရန် မလိုဘဲ စုပင်းက ကျသင့်ငွေ ပေးပြီး သွားချင်ရာနယ်မြေ ရွေးလိုက်၏ ။
စုပင်း လုပ်နေသည်ကို ကျေနပ်နေစဥ် အချိန် နှစ်ရက် ကုန်လွန်သွားပြီး စစ်ဆေးသူများလည်း အံ့ဩခြင်း မရှိကြတော့ပေ ။
စုပင်းမှာ နာရီအနည်းငယ်အတွင်း ပြန်လာနေကာ စစ်ဆေးရေး ပြီးလျှင် ပို၍ မြန်လာခြင်းကြောင့် မသိသူသည် အလုပ်သမားအလား ထင်ရမည် ဖြစ်ပြီး ချင်ရှုဟိုင်လည်း အကြိမ်ရေအား မမှတ်မိတော့ပေ ။
ချင်ရှုဟိုင်က ယခုတစ်ကြိမ်တွင် ပြည့်နေသော စုပင်း၏ အိတ်အား ကြည့်နေကာ အခြားသူများလည်း ယခုရက်အတွင်း ကြည့်ပြီး စိတ်ပျက်နေရ၍ မည်သည့် အရာများ ပါလာမည်ကို စောင့်ကြည့်နေ၏ ။
ချင်ရှုဟိုင်က ပြုံးကာ စုပင်းအား လုပ်ဆောင်ရန်ကို အချက်ပြလျှင် စုပင်း ခေါင်းညိတ်၍ အိတ်အား ဖွင့်ပြီး သွန်ချလိုက်လျှင် စွမ်းအင်ပုံဆောင်ခဲ အချို့နှင့် အစက်အပျောက်နှင့် ဥများ ကျလာ၏ ။
စုပင်းသည် သားရဲအသိုက်နှင့် တွေ့ခဲ့လား ဟူသည့် အတွေးနှင့် စစ်ဆေးသူများသည် နားမလည်စွာ အချင်းချင်း ကြည့်‌ေနမိသည်။ လေ့ကျင့်သူ မပါခြင်းကြောင့် မည်သည့်ဥ ဖြစ်သည်ကို မပြောနိုင် ဖြစ်နေလေ၏ ။
"အမ်...မစ္စတာစု...ဒါတွေက..."
စစ်ဆေးရေး မလုပ်ခင် သိချင်၍ ချင်ရှုဟိုင်က မေးလိုက်သည်။
"အဆင့်ကိုး အတောင်လေးဖက် မုန်တိုင်းနဂါး"
စုပင်းက ပြောလာလျှင်
"နဂါးဥ??သုံးလုံးတောင်"
ချင်ရှုဟိုင် အံ့ဩသွား၏ ။
အတောင်လေးဖက် မုန်တိုင်းနဂါးမှာ နဂါးမျိုးနွယ်အတွင်း အဆင့်နိမ့် နဂါးသာ ဖြစ်သော်လည်း သွေးနှေ ာမဟုတ်ဘဲ နဂါးအစစ် ဖြစ်ခြင်းအပြင် ထိုနဂါးမှာ အမြန်နှုန်းတွင် ကျွမ်းကျင်ခြင်းကြောင့် မနိုင်လျှင် ပြေးနိုင်နေ၍ အလွန်ပင် အသက်ရှင်နိုင်စွမ်း မြင့်ကြ၏ ။
"ဒါတွေ ရောင်းမှာလား မစ္စတာစု"
ချင်ရှုဟိုင်က မေးလာလျှင် စုပင်း အခန်းထဲ ကြည့်လိုက်ရာ အားလုံး နဂါးဥအား ဝယ်လိုစိတ်နှင့် ကြည့်နေသည်ကို တွေ့ရသည်။
"ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အနေနဲ့ အဆင့်ကိုးအနိမ့် သားရဲတွေ မလိုဘူး မဟုတ်လား"
စုပင်း မေးလိုက်၏ ။
"အဲ့ဒါက မှန်ပေမဲ့ နဂါးမျိုးနွယ် သားရဲတွေက ရှားလို့ ဘယ်သူမှ အဓိကသားရဲ အနေနဲ့ မဟုတ်ရင်တောင် လက်လွတ်မခံချင်ကြဘူး ။ ပြီးရင် မိသားစုထဲက အငယ်တွေကို လက်ဆောင်ပေးလို့ ရတာပဲ ။ ဒီသားရဲတွေက ငါတို့ အဆင့်တွေ ရောက်နေတဲ့ သားရဲစစ်သည်တွေ အတွက်တော့ အကောင်းဆုံး သားရဲပဲ"
ချင်ရှုဟိုင်က ပြောလာ၏ ။
"ဪ...ဘာနဲ့ ကမ်းလှမ်းမှာလဲ"
စုပင်း ခေတ္တ စဥ်းစားကာ မေးလိုက်လျှင်
"ငွေလား ရတနာလား ပြန်ရချင်တာက"
ချင်ရှုဟိုင်က  ပြောလာသည်။
"ရတနာတွေ အရင် ကြည့်လို့ ရမလား" စုပင်း မေးကြည့်လိုက်၏ ။
ချင်ရှုဟိုင် မချင့်မရဲ ဖြစ်သွားပြီး တန်ဖိုးတူသည့် ရတနာအချို့၏ နာမည်အား ပြောလာလျှင်
"ဘယ်လောက် ပေးမှာလဲ" စုပင်း ခေါင်းရမ်းကာ ပြောလိုက်၏ ။
သူကမ်းလှမ်းထားသော ရတနာများမှာ အတော်ပင် ကောင်းနေပြီ ဖြစ်ကာ ချပ်ကာ တစ်ခုသည် အဆင့်ကိုး သားရဲမှ တိုက်ခိုက်မှုပင် ခံနိုင်သော်လည်း စုပင်း စိတ်မဝင်စားကြောင်း သိရ၍ ချင်ရှုဟိုင် အံ့ဩသွား၏ ။
"အင်း...အဆင့်ကိုး နဂါးမျိုးနွယ်အတွက် အခြေခံစျေးက သန်းတစ်ရာပဲ"
ချင်ရှုဟိုင် ပြောလိုက်သည်။
"သန်း ၁၂၀ ပေးမယ် ။ ကျွန်တော့ကို တစ်လုံး ပေးလို့ ရမလား မစ္စတာစု"
အနားမှ ကြွက်သားများနှင့် အလုပ်သမား တစ်ယောက်မှ ဝင်ပြောလာ၏ ။
"အခုပေးနိုင်လား"
စုပင်းက မေးလျှင်
"ရတာပေါ့" ထိုသူ ပြုံးရင်း ပြောလာ၏ ။
ထိုဥများနှင့် အဆင့်မြင့် သားရဲစစ်သည် အချိန် မကြာဘဲဖြစ်လာနိုင်ခြင်း သို့မဟုတ် ဘွဲ့တံဆိပ်ရ သားရဲစစ်သည်အား လက်ဆောင်ပေးခြင်း လုပ်နိုင်ခြင်းကြောင့် စုပင်း အလွယ်တကူ ရောင်းနေသည်ကို တွေ့လျှင် အခြားသူများ အံ့ဩသွား၏ ။
ထို့အပြင် ထိုနဂါး သုံးကောင်အား အဖွဲ့လိုက် တိုက်ခိုက်ရန် လေ့ကျင့်ပေးလျှင် ပူးပေါင်း ခွန်အားမှာ မူလထက် များစွာ ကြီးမြင့်လာမည် ဖြစ်ခြင်းကြောင့်လည်း ဖြစ်၏ ။
"နောက်တစ်လုံးကို ယူမယ် ။ သန်း ၁၂၀နဲ့ ။ အရင်အတိုင်း ချက်ချင်း ငွေချေပေးမယ်"
ချင်ရှုဟိုင် အမြန် ပြောရာ
"ဒုတိယတစ်လုံး ကျွန်တော် ယူမယ် ။ သန်း ၁၃၀ ပေးမယ်"
တစ်ယောက်က ပြောလာသည်။
"သန်း ၁၅၀" ချင်ရှုဟိုင် စိတ်တိုဟန်နှင့် မြှင့်လိုက်၏ ။
သန်း ၁၅၀ သည် မူရင်းစျေးထက် ကျော်လွန်ကာ နဂါး သားရဲမှာ တန်ဖိုး ရှိသော်လည်း သားရဲအား လေ့ကျင့်ရန်အတွက် တန်ဖိုး၏ လေးဆခန့် ကုန်ကျဦးမည် ဖြစ်ခြင်းကြောင့် အခြား ရလိုသူများ နောက်ဆုတ်သွားကြ၏ ။
"သန်း ၂၇၀ပဲ ။ စွမ်းအင်အမှတ် ပြောင်းလို့ ရလိုက်ရင်တော့ကွာ"
စုပင်းက မည်သူမျှ ပြောလာခြင်း မရှိ၍ နဂါးဥအား ချင်ရှုဟိုင်ထံ ပေးကာ အကောင့်ထဲ ဝင်လာသည်ကို ကြည့်ပြီး တွေးလိုက်၏ ။
စုပင်း၏ ပစ္စည်းထားရာ နေရာထဲတွင် နောက်ထပ် နဂါးဥများ ရှိနေပြီး အတောင်လေးဖက် မုန်တိုင်းနဂါး မဟုတ်ပဲ မိုးကြိုးမုန်တိုင်းနဂါး ဖြစ်၍ စစ်ဆေးရေးတွင် ပြရန် စိတ်ကူးပင် သူ့ထံ မရှိပေ ။







ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now