အခန်း ၁၇၅ မတားဆီးနိုင်ခြင်း

678 70 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၇၅

မတားဆီးနိုင်ခြင်း

ဘာသာပြန်. Soul

"မစ္စတာစု ၊ ခေါင်းဆောင် ၊ တကယ်ကို မေ့သွားတာ" လူသန်ချန်း ပြောနေသော်လည်း သူ့စကားပင် သူ မယုံနိုင် ဖြစ်နေလေ၏ ။

လူသန်ချန်းသည် အဖွဲ့အား အန္တရာယ်ပေးမည့် လူမျိုး မဟုတ်သောကြောင့် နီချန်းခုန်က ယုံကြည်ရန် ရွေးချယ်လိုက်သည်။

စုပင်းမှာ နဂါးနက်ခွေး အပြင်တွင် ကျန်နေကာ ရတနာအား အမြန်ရှာ၍ ရမည် ဖြစ်ခြင်းကြောင့် ကျေနပ်နေ၏ ။

"နဂါးနက်ခွေး ပြန်လာလို့ ရအောင် ကူပေးမယ်"

မိုးထိမြွေများအကြား သွက်လက်စွာ ပြေးခဲ့သော်လည်း နဂါးနက်ခွေးက ပင့်ကူများ၏ အဆိပ်ဒဏ် ခံနိုင်မည် မထင်၍ ယီချန်းရှန် ပြောလာလျှင် နီချန်းခုန်က သဘောတူ၍ ပြောရန် ပြင်စဥ် နဂါးနက်ခွေး၏ အော်သံအား ကြားရခြင်းကြောင့် ရပ်လိုက်၏ ။

နဂါးနက်ခွေးမှာ ရုပ်ရှင်များထဲတွင်  သူငယ်ချင်းအတွက် အသက်စွန့်သူအလား ပင့်ကူအုပ်ထဲ ပြေးဝင်ကာ အားလုံးကို မျှားခေါ်နေပြီး ပင့်ကူများမှလည်း အနက်ရောင် ပိုးမျှင်များ ပစ်လွှတ်ကာ နဂါးနက်ခွေးအား ဖုံးလွှမ်းသွား၏။

နဂါးနက်ခွေးဟည် ပင့်ကူများကြား ပျောက်သွားလျှင် အားလုံးက  စုပင်းအား ကြည့်ကာ သူ့သားရဲအား အလွန်မုန်း၍ သေတွင်း ပို့နေသည်လား အတွေးအပြင် ထိုမျှ များပြားသော ပင့်ကူများကြား အကာအကွယ် မရှိဘဲ နဂါးနက်ခွေး လွတ်ရန် မလွယ်ကူဟု သတ်မှတ်လိုက်ကြ၏ ။

နဂါးနက်ခွေး ပျောက်သွားသည့် ပင့်ကူအုပ်အား ကြည့်ကာ ကယ်ရန် စိတ်ကူးမရှိသည့်အပြင် အဘိုးကြီးမို နှာခေါင်းပင် ရှုံ့နေ၏ ။

နီချန်းခုန်သည် စုပင်းမှ သူ့သဘောနှင့်သူ ခိုင်းသော်လည်း အဖွဲ့သားများ၏ သားရဲ သေဆုံးခြင်းကို မကြည့်နိုင်ပါ။ ပင့်ကူအုပ်အား ကြည့်ကာ ကြက်သီးထနေသော်လည်း သူ့ ကျဆုံးဘုန်းတော်ကြီးကို ခိုင်းလိုက်ရာ ကျဆုံးဘုန်းတော်ကြီး ပိုးအိမ်အထက်တွင် နေရာယူနေသည့် ပင့်ကူအုပ်ထံ ပြေးဝင်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now