အခန်း ၁၅ နှစ်သောင်းတန် အစာ

869 129 1
                                    

အခန်း ၁၅ နှစ်သောင်းတန် အစာ

ဘာသာပြန်သူ .SOUl

စုပင်း စျေးနှုန်းများအား ကြည့်ကာ အံ့ဩသွား၏ ။ ပျိုးထောင်ခြင်း နယ်မြေတွင် စုပင်း ရခဲ့သော သားရဲ အစာအားလုံးမှာ အနိမ့်ဆုံး စွမ်းအင်အမှတ် ၁ နှင့်ညီမျှသော ဒင်္ဂါး ၁၀၀ ကျော်မှ စထားသည်အား တွေ့လိုက်ရ၍ ဖြစ်၏ ။

အချို့မှာ ၃၀၀ ၊ ၄၀၀ ခန့်ရှိပြီး အချို့မှာ ၇၀၀ ၊ ၈၀၀ အထိ စျေးနှုန်းရှိနေကြောင်း တွေ့လိုက်ရ၏ ။ စုပင်း စိတ်ထဲတွင် ပျိုးထောင်ခြင်း နယ်မြေအား သွားရန် စွမ်းအင်အမှတ် ၁ သာ သုံးရ၍ အနည်းဆုံး အဆ ၁၀၀ ခန့် ပိုရမည်ဟု တွေးလိုက်၏ ။

ထိုသို့ စဥ်းစားမိပြီး စုပင်း အခါ ၃၀ သေခဲ့ရခြင်းအား တန်သည်ဟု ကျေနပ်စွာ တွေးလိုက်၏ ။ အကြောင်းကား စုပင်း ရွေးခြယ်လိုက်သော ပျိုးထောင်ခြင်း နယ်မြေမှာ အရည်အသွေး ကောင်းပြီး စနစ်မှ ပေးသော အခမဲ့ သေခြင်းများမှ အထောက်အကူ ပေး၍ ဖြစ်ကြောင်း သဘောပေါက်သွား၏ ။ ထို အခမဲ့ အကြိမ် ၃၀ သေဆုံးနိုင်ခြင်း မရခဲ့လျှင် ထိုမျှ သားရဲအစာ ရနိုင်မည်ဟု စုပင်း မထင်ချေ ။

"ဘယ်လိုပဲပြောပြော ပျိုးထောင်ခြင်း နယ်မြေတွေမှာ သားရဲ အစာ ရှာရတာ ကောင်းတယ် ။ အခမဲ့ သေဆုံးခြင်း မရတော့ရင်တောင် အကြိမ် ၃၀ သေဖို့ဆိုတာ စွမ်းအင်အမှတ်က ၃ ပဲ ကျတာဆိုတော့ အဲ့ဒီထက်တော့ ရတာများပါတယ် ။ သေရတာက မနှစ်မြို့စရာ ကောင်းရုံလောက်ပဲ ရှိတယ်"စုပင်း ခေါင်းခါရင်း ရုတ်တရက် သေဆုံးခြင်းအား မကြောက်သော်လည်း တဖြည်းဖြည်း ခံစားပြီး သေရခြင်းအား ကြောက်၍ တွေးလိုက်၏ ။

"ကျောက်နီသီး က တစ်လုံး ၁၃၀ ဒင်္ဂါး ။ ရလိုက်တဲ့ အပင်မှာ အလုံး ၂၀ ၊ ၃၀ လောက်တော့ ပါမယ်"စုပင်း ကျောက်နီသီး အပင်အား သတိရလိုက်ပြီး ပါရှိသော အသီအား တွက်ကြည့်ရာ ၃၄ လုံး ပါရှိကြောင်း တွေ့လိုက်ရ၏ ။

ထို ၃၄ လုံးအား ရောင်းထွက်သည်နှင့် စွမ်းအင်အမှတ် ၄၀ ခန့် ရနိုင်ကြောင်း စုပင်း တွက်လိုက်မိကာ ထို ကျောက်နီသီး နှင့်ပင် အလွန် မြတ်နေသဖြင့် ကျေနပ်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now