အပိုင်း ၁၃ ပါရမီ နိမ့်သည်

888 123 0
                                    

အပိုင်း ၁၃ ပါရမီ နိမ့်သည်

ဘာသာပြန်.SOUL

စုပင်းသည် စုလင်းယွဲ့နှင့် စကားနိုင် လုချင်စိတ် မရှိသောကြောင့် သူ၏ ကုတ်အင်္ကျီအား ချိတ်လိုက်ပြီး ဧည့်ခန်းရှိ ဆိုဖာတွင်ထိုင်ကာ ရေတစ်ခွက် ငှဲ့လိုက်၏ ။

စုပင်း ရေထည့်ပြီးချိန် သွယ်လျသော လက်တစ်ဖက်မှ ရေခွက်အား လှမ်းယူပြီး တစ်ခါတည်း မော့ချလိုက်၏ ။ ထိုလက်ပိုင်ရှင်မှာ စုလင်းယွဲ့မှ လွဲ၍ မည်သူဖြစ်နိုင်မလဲ ။

စုပင်းအကြည့်က စုလင်းယွဲ့အပေါ် ရောက်သွားချိန် သူမက မျက်ခုံးပင့်ကာ "ဘာလဲ ။ ပြဿနာ ရှိလို့လား"ဆိုသော ပုံစံနှင့် လှမ်းကြည့်နေ၏ ။

စုပင်းသည် စုလင်းယွဲ့၏ ပခုံးပေါ် ထိုင်နေသော မီးသရဲသားရဲအား လှမ်းကြည့်လိုက်ပြီး ထို သားရဲမှာ သူအပေါ် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်း တွေ့လိုက်လျှင် စုလင်းယွဲ့အပေါ် အညှိုးမထားပဲ သဘောထား ကြီးပေးရန် ဆုံးဖြတ်ကာ ရေ နောက်တစ်ခွက် ငှဲ့သောက်လိုက်၏ ။

စုလင်းယွဲ့ ဆိုဖာ တစ်ဖက်ခြမ်းတွင် ပစ်လဲပြီး သက်တောင့်သက်သာ ထိုင်လိုက်ကာ "တစ်ယောက်ယောက်ကတော့ နားလည်သွားပီ ။ ေတာ်တယ် ။ အသုံးမကျလဲ သင်ပေးလို့ ရတာပဲ"စောင်းပြောလိုက်၏ ။

စုပင်း ထိုစကားအား မကြားချင်ယောင်ဆောင်ကာ မီးသရဲသားရဲအပေါ် သားရဲ ခွဲခြားခြင်း စွမ်းရည် အသုံးပြုလိုက်ပြီး ခနအကြာ စုပင်းစိတ်ထဲ အချက်အလက်များ ပေါ်လာ၏ ။

မီးသရဲ သားရဲ
အမျိုးအစား-မကောင်းဆိုးဝါး မျိုးနွယ်
အဆင့်-အဆင့် ၃ အမြင့်
သန်မာမှု-၄.၆
ပါရမီ-နိမ့်
တတ်မြောက်ပြီး အစွမ်း-မီးသရဲ တိုက်ခြင်း ၊ ငရဲမီး မှုတ်ခြင်း ၊ အံ့ဖွယ် သတ္ထုမီး ၊ စိတ်အား တိုက်ခိုက်ခြင်း ၊ သရဲအော်သံ ။

စုပင်း ထိုအချက်အလက်များအား ဖတ်ပြီးနောက် ပါရမီနေရာတွင် နိမ့် ဟူသော မှတ်ချက်အား တွေ့လျင် လုံးဝ အခြေအနေ မကောင်းဟု သတ်မှတ်လိုက်၏ ။

စုပင်း လေ့ကျင့်ပေးခဲ့သော လျှပ်စီးကြွက်ပင် သာမန်ထက် နိမ့်သာ မှတ်ချက်ရပြီး မီးသရဲ သားရဲမှာ နိမ့်ဆိုသောကြောင့် စုပင်း တေွးနေချိန် စုလင်းယွဲ့မှ သူ့အကြည့်အား တွေ့သွားကာ

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now