အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး

765 66 0
                                    

အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး

ဘာသာပြန်. Soul

ဆိုင်သို့ ပြန်ရောက်ချိန်၌ ကျောင်းတွင် တစ်နာရီခွဲမျှ ကြာသွားခြင်းကြောင့် နာရီဝက်ခန့်အချိန်ပိုကုန်သွား၍ စုပင်း အနည်းငယ် နှမျောနေမိသည်။

ပြန်ရောက်သည်နှင့် လေ့ကျင့်ပြီး သားရဲများနှင့် နောက်ထပ် လေ့ကျင့်မည့် သားရဲ ကိုယ်ပွားထံ လဲလှယ်ပေးလိုက်၏။ကိုယ်ပွားက လေ့ကျင့်ပေးနေချိန်တွင် အရိုးခြောက်ကလေးအား စုပင်း စောင့်ရှောက်ရေးခြံထဲတွင် ထည့်ထားလိုက်သည်။

ငရဲမီးနဂါးမှာမှု သားရဲသိုလှောင်ရာနေရာတွင်သာ ရှိနေပြီး အရွယ်အစားအရ သူ၏ဆိုင်တွင် မဆံ့နိုင်သောကြောင့် ဆိုင်ကို အဆင့်မြှင့်ရန် လိုအပ်ပြီဟု စုပင်း တွေးမိလိုက်သည်။

ထို့နောက် အရိုးခြောက်ကလေးကို နေရာချပေးပြီး စုပင်း ဆိုင်ကောင်တာရှေ့ ပြန်ထွက်ကာကွန်ပျူတာ ဖွင့်၍ စူးစမ်းသူများ ဝဘ်ဆိုက်ရှိ သင်ကြားရေး စာမျက်နှာသို့ ဝင်လိုက်၏။

"ဒီတစ်ခါတော့ နည်းနည်းပြောတာနဲ့ များများ နားလည်တဲ့သူမျိုး ရှာရမယ်"

ယခင်တခေါက် ကျောင်းသားမှာ အလွန်ပင် သင်ရ အချိန်ကုန်သည်ဟု စုပင်း တွေးမိထားခြင်းကြောင့် ဖြစ်သည်။

ထိုအချိန်တွင်  ချုပ်ထိန်းမဲ့ဓား သင်တန်းကျောင်းမှ ထိပ်တန်း ကျောင်းသားတစ်ဦး ဖြစ်သော်လည်း ကျင့်ကြံမှု တစ်ခုသာ လုပ်နေလျှင် ပျင်းလာ၍ ရှု့ကွမ်း  ကွန်ပျူတာဂိမ်း ဆော့နေ၏ ။

"လာလို့ ပုန်းနေတာလဲ။ထွက်ခဲ့ ။ ဒီမှာ သေတော့မှာ ။ ငါလူးပဲ ။ထွက်ခဲ့လို့" ရှုကွမ်း ကွန်ပျူတာ မျက်နှာပြင်အား ကြည့်ပြီး ဒေါသနှင့် အော်ဟစ်နေ၏ ။

ရှုကွမ်း ဂိမ်းထဲတွင် အစစ်အမှန် ဖျက်စီးခြင်းမိချောင်း၏ ချစ်စဖွယ် ကာတွန်းပုံ သားရဲ ကိုင်ထားကာ အလွန်ပင် ချစ်စရာကောင်းကာ သန်မာ၍ အပြင်လောကတွင်ရှိသော ဖျက်စီးခြင်းမိချောင်း၏ အမွေခံ စွမ်းရည်များပင် ပါရှိနေ၏ ။

ယနေ့ခေတ်သည် သားရဲစစ်သည်များ၏ ခေတ် ဖြစ်ခြင်းကြောင့် အရာရာတွင် သားရဲများနှင့် ပက်သက်သောအရာများကသာ အထူးရေပန်းစား၏။ဂိမ်းများလည်း အပါအဝင်ပင်..။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now