အပိုင်း ၁၈၄ မြေပုံ

671 70 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အပိုင်း ၁၈၄

မြေပုံ

ဘာသာပြန်.Soul

စုပင်း၏ စကားအား ကြားလျှင် ထိုလူငယ် နှလုံးရောဂါ ရလုနီး ဖြစ်သွားပြီး လူးလွန့်လာ၏ ။

သို့သော် စုပင်း စကားမှာ အလွန် ထိရောက်၍ သတိလွတ်လုနီးပါး ဖြစ်နေသည့် ထိုသူငယ်၏ စိတ်ပြန် ကပ်လာကာ အကျွမ်းတဝင် မရှိသေးသည့် လတ်တလော စေ့စပ်ထားသူ ရှိကြောင်း သတိရလာ၏ ။

ထိုသို့ ဝမ်းနည်းမှု ထိုလူငယ်၏ ရင်ထဲ ဝင်လာ၍ တုန်ရီကာ "ကယ်ပေးပါ ။ ကြိုက်တာ အကုန်ပေးမယ်"

ပြောလာသည်။

"တကယ်လား ။ ဒါဆို ဂန္တဝင် သားရဲစစ်သည် ဖြစ်အောင် လုပ်ပေး" စုပင်း ပြောလိုက်၏ ။

ထိုစကားကို ကြားလျှင် ထိုလူငယ်မှာ သူကိုယ်တိုင်ပင် ဘွဲ့တံဆိပ်ရ သားရဲစစ်သည် မဟုတ်ဘဲ ဂန္တဝင် သားရဲစစ်သည် ဖြစ်ရန် နည်းလမ်း သူ့ထံရှိလျှင် ယခုကဲ့သို့ အန္တရာယ် များသည့် နေရာအား လာမည်မဟုတ်ခြင်းကြောင့် ပြောစရာမရှိ ဖြစ်သွား၏ ။

"တခြားတစ်ခု ပြောပါ"

အကူအညီ တောင်းခံသူ ဖြစ်နေ၍ မတတ်သာပဲ ပြောလျှင်

"ဒါဆို ဒင်္ဂါး တစ်ဘီလီယံပေး" စုပင်း ပြောလိုက်သည်။

"များလွန်းတယ် ။ သန်းတစ်ရာပဲ ရမယ်" လူငယ်မှ ပြောလာ၏ ။

"ဒါဆို အဆင့်ကိုး သားရဲ အကောင် တစ်ရာဆိုရင်ကော"

"ဒါဆို ရတနာ အခုတစ်ရာဆိုရင်ကော"

စုပင်းက တစ်မျိုးပြီးတစ်မျိုး ပြောနေချိန် ထိုလူငယ်မှာ သွေးထွက်လွန်၍ ခေါင်းလည်း ပိုမို လေးလံကာ ကိုက်ခဲလာခြင်းကြောင့် အသက်ပင် အနိုင်နိုင် ရှူနေရခြင်းကြောင့် "တစ်ဘီလီယံပေးမယ် ။ ရပြီလား" ဖြတ်ပြောလိုက်၏ ။

"ဒါဆို လွဲပေးလိုက် " စုပင်း ပြောလိုက်သည်။

"အခု ကယ်ပေးလို့ ရမလား ။ သေတော့မယ် ထင်တယ်" လူငယ် ပြောလာသည်။

"ယုံကြည်မှု ရှိစမ်းပါ ။ ထင်တယ်ဆိုတာ ဖြုတ်လိုက် ။ သေကို သေမှာ"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Όπου ζουν οι ιστορίες. Ανακάλυψε τώρα