အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)

757 105 2
                                    

အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)
ဘာသာပြန်.Soul

"ငါ့ကိုတွေ့ချင်နေတဲ့သူရှိတယ် ဟုတ်လား"

စုပင်းနှင့်ဆုယန်းယင်းတို့နှစ်ဦး စင်ပေါ်မှဆင်းသည်နှင့် ကျောင်း၏ စီမံသူတစ်ယောက်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ရုံးခန်းသို့ လာရန် ဖိတ်ကြားကြောင်း ပြောပြီး ခေါ်သွား၏။ထိုအရေးကြီးပုဂ္ဂိုလ်မှာ မည်သူဖြစ်မှန်း ဆုယန်းယင်း အသိဆုံးဖြစ်သည်။အကြောင်းမှာ ထိုပုဂ္ဂိုလ်အား လျှပ်စီးကြွက်နာမည်ရချိန်တွင် အကြိမ်များစွာ တွေ့ဖူးသောကြောင့် ဖြစ်သည်။ဤတစ်ကြိမ်တွင်လည်း လျှပ်စီးကြွက် ကောင်းမွန်စွာ သရုပ်ပြသနိုင်ခဲ့မှုကြောင့် သူမအား ဘယ်လိုပုံစံချီးကျူးမှုမျိုး ရရှိမည်ကို ဆုယန်ယင်း ကြိုတင်ကာ စိတ်လှုပ်ရှားနေသည်။

သူမအနေနဲ့ စုပင်းဆိုင်တွင် ဒင်္ဂါးတစ်သောင်းသာ သုံးစွဲခဲ့ပေမယ့် ရလဒ်ကတော့ အံမခန်းဖြစ်ပြီး ယခုလိုမျိုးအဆင့်ခုနစ် လျှပ်စီးအိမ်မြှောင်ကိုပင် အနိုင်ယူခဲ့သော လျှပ်စီးကြွက်ကိုရခဲ့ခြင်းပင် ဖြစ်သည်။ထိုအကြောင်းကို တွေးတွေးမိတိုင်း ဆုယန်ယင်း အလွန်ပျော်ရွင်နေ၏ ။

ထို့နောက် ဒုကျောင်းအုပ် ရုံးခန်းတွင် ထိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ရေနွေးထည့်နေသော စုပင်းကိုကြည့်ပြီး ဆုယန်းယင်း ထိတ်လန့်သွား၏။ယခင် သူမတုန်းက ယခုစုပင်းလို ကိုယ့်အိမ်ကိုယ်ယာကဲ့သို့ သဘောထားဖို့မဆိုထားနင့် တစ်ချိန်လုံးမတ်တပ်ရပ်ကာ စောင့်ဆိုင်းခဲ့ရသောကြောင့် ဖြစ်သည်။

"အဲ့...အဲ့...အဲ့ဒီမှာ မထိုင်နဲ့"

စုပင်းအား တစ်ဖက်လူမှ အထင်မသေးစေလို၍ ဆုယန်းယင်း အမြန် သတိပေးလိုက်၏။​သို့သော် စုပင်းက နားမကြားသည့်အတိုင်း နံရံပေါ်တွင်ရေးဆွဲထားသော ခရမ်းအမြှီးဖီးနစ်ငှက် ပန်းချီကိုသာ ကြည့်နေ၏။သို့သော် ​ဖီးနစ်မှာ သားရဲဘုရင်အဆင့်သာ ဖြစ်​၍ ပြောသလောက်ကြည့်လို့ကောင်းနေခြင်းမရှိဟု စုပင်းတွေးနေမိသည်။

"ဘာလ​" ဆုယန်းယင်း သတိပေးသံ ကြားလျှင် စုပင်း ဖြည်းဖြည်းချင်း ထကာ မေးလိုက်ရာ "ဒုကျောင်းအုပ် ခနနေ ရောက်လာမှာ ။နင့် သူ့ကို ဒီပုံစံအတိုင်း တွေ့မလို့လား" ဆုယန်းယင်း ပြောလာ၍ "ပြသနာရှိလို့လား။တစ်ယောက်ယောက်က ငါကိုတွေ့ချင်လို့ခေါ်တယ်။ပြီးတော့ စောင့်ခိုင်းထားတယ်လေ။ငါမှာ သူတို့ဆီက အကူအညီ လိုအပ်နေတာ မဟုတ်ဘူး။ခနနေလောက် ရောက်မလာရင် ငါပြန်တော့မယ်" စုပင်း ပြန်ထိုင်ရင်း ပြောလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now