အခန်း ၉ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း(၁)

895 113 0
                                    

အခန်း ၉ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း(၁)

ဘာသာပြန်. SOUL

သိပ်မကြာလိုက်ပေ ၊ ဆုယန်ယင်း ပြိုင်ပွဲခန်းမသို့ ရောက်ရှိလာသည် ။

ဆုယန်ယင်းသည် ကျောင်းဝတ်စုံ မဝတ်ထားသော်လည်း အစောင့်များမှ မှတ်မိနေသဖြင့် သူမ ကျောင်းသားကတ်ပင် မပြလိုက်ပဲ သူမအား ဝင်ခွင့်ပြုလိုက်၏ ။

"မီးဓား"

"မီးခွေးက မီးဓားကို အသုံးပြုလိုက်တယ် ။ ပစ်မှတ်နဲ့ လွဲသွားပါတယ် ။ မီးဘီလူးက ​တကယ်ပဲ ရှောင်နိုင်ခဲ့တာလား...ခနလေး ၊ မီးဓားက ပြန်ကွေ့လာတယ် ။ ဘုရားရေ ၊ မီးဓားက ပြောင်းပြန် ပြန်ကွေ့လာတယ်"ဆုယန်ယင်း ပြိုင်ပွဲကွင်းထဲသို့ ရောက်သည်နှင့် ဒိုင်လူကြီးမှ အသည်းအသန် အော်နေသည်ကို ကြားလိုက်ရ၏ ။

ပဲကြည့်စင်မှ ပရိတ်သတ်များကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးနေကြပြီး ထိုအရာမှာ ဆုယန်ယင်းအတွက်တော့ ထူးဆန်းနေသည်တော့ မဟုတ်ပေ။

ဆုယန်ယင်း တစ်ချက် လှည့်ပတ် ကြည့်လိုက်ရာ သူမ၏ တတိယတန်း၊အခန်းနံပတ် ၂ နေရာအား ရှာတွေ့သွား၍ ထိုနေရာသို့ သွားလိုက်၏။ လမ်းတစ်ဝက်တွင် လျှပ်စီးကြွက်အား ယခုကဲ့သို့ လူ သောင်းနှင့်ချီသော ခမ်းနားလှသည့် နေရာမျိုး ခေါ်မသွားဖူးသဖြင့် ကြောက်နေမည် အထင်နှင့် ပြန်လှည့်ကြည့်လိုက်သည် ။

ဆုယန်ယင်း ပြန်လှည့်ကြည့်ချိန် လျှပ်စီးကြွက်အား သူမနောက် ကပ်ရပ်တွင် တွေ့လိုက်ရပြီး သူမ ရပ်လိုက်သဖြင့် လိုက်ရပ်ကာ သူမအား မော့ကြည့်နေကြောင်း တွေ့လိုက်ရ၍ သူမ အံ့အားသင့်ကာ စိတ်သက်သာရာရသွားသည် ။

အကြောင်းမှာ သားရဲများမှာ သာမာန် တိရစ္ဆာန်များနှင့် မတူပဲ အသိနှင့် ဥာဏ်သည် ပိုမို ဖွံ့ဖြိုးခြင်းကြောင့် ကြောက်လန့်လျှင် လူကဲ့သို့ တွေဝေနေတတ်ကြ၏ ။

ဆုယန်ယင်းမှာ လျှပ်စီးကြွက်အား သွားယူပြီး လောနေသဖြင့် ထိုသို့ လေ့ကျင့်ပေးရန် အချိန်မရှိ၍ လျှပ်စီးကြွက်အား ကြောက်လန့်ခြင်း မရှိကြောင်း တွေ့သော် စိတ်သက်သာမိသွားခြင်း ဖြစ်သည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now