အခန်း ၆၅ အန္တရာယ် ကြီးသော မသေမျိုး ဓားသိုင်း

721 101 0
                                    

အခန်း ၆၅ အန္တရာယ် ကြီးသော မသေမျိုး ဓားသိုင်း

ဘာသာပြန်.Soul

"တောင်ရွှေ့သားရဲ ၊ အမြန်" ဖန်ကန်းလီ သူ၏ သားရဲအား ပြောလိုက်ရာ ကျောက်နံရံများ ပေါ်လာပြီး အားလုံးကို အရိုးဆူးချွန်များမှ အချိန်မှီ ကာကွယ်ပေးလိုက်၏ ။

အားလုံး နံရံအား ကျော်ပြီး ကြယ်တာရာ အရုံခံအစွမ်းနှင့် ကြည့်လိုက်ရာ ​မှော်အလောင်း သားရဲမှာ မူလထက် သေးငယ်သွားပြီး ယခင် ကျယ်ပြန့်သော တိုက်ခိုက်မှုကြောင့် အရိုး အကျိုးအကြေများသာ ကျန်နေ၏ ။

"အောက်လမ်း ဖောက်ခွဲခြင်းပဲ ။ ဒီအစွမ်းက ပါရမီ တအားမြင့်တဲ့ ​မှော်အလောင်း သားရဲတွေပဲ တတ်နိုင်တာလို့ ကြားဖူးတယ်" ယီချန်းရှန် မျက်နှာ တင်းမာသွားချိန် "သွားချစမ်း" အရိုးခြောက်ကလေးအား အကြင်နာမဲ့စွာဖြင် စုပင်း ပြောလိုက်၏ ။

အရိုးပုံများကြားထဲ အရိုးခြောက်အချို့ ထွက်လာပြီး အလည်တွင် အရိုးခြောက်ကလေးမှ စစ်တပ်အား ဦးစီးနေသော ဘုရင်ကဲ့သို့ မတ်မတ်ရပ်ကာ တစ်ကိုယ်လုံး အနက်ရောင် မြူများ ဖုံးအုပ်နေ၏ ။

"ရား"

အရိုးခြောက်ကလေးမှ သေခြင်းအော်သံစွမ်းရည်အား ထုတ်သုံးလိုက်၏။ အရွယ်နှင့် မလိုက်စွာပင် မိုးကြိုးပစ်သလို ကျယ်လောင်သောအသံက ကြားသူတိုင်း သွေးလည်ပတ်မှု ရပ်တန့်သွားသည့်အလား ခံစားလိုက်ရပြီး နဂါးဟိန်းသံနှင့် မကွာခြားပဲ သာမာန် သားရဲများအား ဟန့်တားနိုင်စွမ်းရှိပေသည် ။

သို့သော် ​မှော်အလောင်း သားရဲမှာ တစ်ခနမျှသာ တုံ့ဆိုင်းသွားပြီး ကြောက်ရွံ့သွားခြင်းတော့ မရှိပေ ။

အရိုးခြောက်ကလေးနှင့် လက်ကျန် အရိုးခြောက်များ ​မှော်အလောင်း သားရဲထံ ပြေးသွားချိန် ဖန်ကန်းလီနှင့် လင်းမိုးခုန်တို သတိပြန်ဝင်လာကြ၏ ။

မိုးပြာရောင်ငှက်မွှေးမြွေ နှစ်ကောင် လျှပ်စီးနှင့် အဆိပ်တိမ်တိုက်များ ထွေးထုတ်နေကြပြီး ​မှော်အလောင်း သားရဲ၏ အရိုးစူးချွန်ပြန်လည် စုစည်းမှုကို အနှောင့်ယှက်နေကြပြီး တောင်ရွှေ့သားရဲမှာ ​မှော်အလောင်း သားရဲ အောက်တွင် အက်ကြောင်း ပြုလုပ်ပြီး ပိတ်လှောင်ထားလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now