အခန်း ၅၈ ဝင်ပေါက်

714 92 0
                                    

အခန်း ၅၈ ဝင်ပေါက်

ဘာသာပြန်.Soul

စုပင်း မျက်လုံး အရောင် တလက်လက် ထလာ၏ ။

စုပင်းမှာ သင်တန်းကျောင်း မတက်ခဲ့ခြင်းကြောင့် စွမ်းရည်များအကြောင်း နားလည်မှု သိပ်မရှိကာ သားရဲစစ်သည် တစ်ယောက်အဖြစ် အရည်အချင်း ပြည့်မှီခြင်း မရှိချေ ။

ဖန်းယူကျင်း စုပင်းအား အကျိုးအမြတ် သိုလှောင်ရေး ဂိုဒေါင်အား ကွန်ပြူတာတွင် ဖွင့်ရန် ကူပေးလိုက်ရာ လက်နက် ၊ ကျင့်ကြံခြင်း ၊ ရတနာ အစရှိသည်ဖြင့် အမျိုးအစား များစွာအား တွေ့လိုက်ရ၏ ။

"နဂါးအကြေး ချပ်ဝတ် က အဆင့်နိမ့်နဲ့ အလယ်အလတ် သားရဲတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ကာပေးနိုင်ပြီး အဆင့်မြင့် သားရဲ တိုက်ခိုက်မှုကို တအား လျော့ချပေးနိုင်တယ်"

"​မှော်လူဝံ ရုပ်ပိုင်း လေ့ကျင့်ရေး: ကြီးမားစွာ ကျွမ်းကျင်မှု ရောက်ရင် ကျည်ဆံတွေ ​ရှောင်နိုင်ပြီး လျှင်မြန်မှုနဲ့ ခွန်အားက အဆင့်ရှစ် သားရဲနဲ့ ညီမျှတယ်"

"ရေခဲလှိုင်းသစ်သီး:  ရေမျိုးနွယ် သားရဲရဲ့ စွမ်အား နှစ်ဆ တိုးမြှင့်နိုင်တယ်"

"နဂါးပြာ အကောင်ပေါက်:  ပါရမီ သတ်မှတ်ခြင်း မရှိသေး ။ ထုတ်ယူရန် အကျိုးအမြတ်အမှတ် ၅၀၀၀၀ လိုအပ်တယ်"
...
များပြားလှသော ပစ္စည်းများအား ကြည့်ရင်း စုပင်း မျက်စိ လည်လာ၏ ။

"ကြိုက်ရာ ရွေးလို့ ရတယ်မလား" ဖန်းယူကျင်းအား စုပင်း မေးလိုက်ရာ စုပင်း မျက်လုံးအား ကြည့်ပြီး ဖန်းယူကျင်း မကောင်းသော နိမိတ် ခံစားလိုက်ရ၍ "ဘရားသားစု အဆင့်မြင့် တန်ဖိုး ပစ္စည်းတွေတော့ မတတ်နိုင်ဘူး ။ အနိမ့်နဲ့ အလယ်အလတ် တန်ဖိုး ပစ္စည်းတွေတော့ အဆင်ပြေတယ်" အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြောလိုက်၏ ။

စုပင်း ဖန်းယူကျင်းအား အခက်အခဲ မဖြစ်စေလို၍ စျေးနည်းသော အဆင့် တစ်မှ ခြောက်အထိ အခြေခံ စွမ်းရည်များသာ ရွေးခြယ်လိုက်၏ ။

"ဒါပဲလား" စုပင်းမှ အလယ်အလတ် တန်ဖိုးရှိသော စူးစမ်းသူ အများစု သားရည်ကျနေသည့် ပစ္စည်းများအား ကျော်ကာ အခြေခံ စွမ်းရည်သာ ရွေးခြင်းကြောင့် ဖန်းယူကျင်း အံ့ဩသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now