အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု

744 100 0
                                    

အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု

ဘာသာပြန်.Soul

ထိုအခိုက် စင်ပေါ်မှ သရုပ်ပြပွဲ ပြီးသွားပြီဖြစ်ပြီး နှစ်ဖက်လုံး ဆင်းသွားကာ လူအသစ်များ တက်လာခဲ့ကြ၏။ပြိုင်ပွဲ နှစ်ပွဲအပြီးတွင် ကွာတားဖိုင်နယ်အဖွဲ့များ ကုန်သွားပြီ ဖြစ်သည်။ထို့နောက်တွင် ဆီမီးဖိုင်နယ်ပွဲစဥ်များအလှည့်ဖြစ်ပြီး ပြီးပါက ဖိုင်နယ်များအလှည့်ပင် ဖြစ်သည်။

ဖိုင်နယ် သရုပ်ပြပွဲများသည် ပထမနှစ်များမှစတင်ပြီး  တတိယနှစ်များက  နောက်ဆုံးမှ အလှည့်ကျမည် ဖြစ်သည် ။

သိပ်မကြာလိုက်ပေ။အချိန်တွေက တစ်ရွေ့ရွေ့ကုန်ဆုံးလို့သွားပြီး နေကျသွားခဲ့ပြီ ဖြစ်သည်။မှောင်ရီစပျိုးအချိန် ပြိုင်ပွဲကွင်းတွင်၌ ဖိုင်နယ် သရုပ်ပြပွဲများ စတင်လာပြီ ဖြစ်သည်။

ကြေညာသူမှ ပထမနှစ်အတွက် ဖိုင်နယ်ပွဲစဥ် စပြီဖြစ်ကြောင်း ကြေညာမှ စုပင်း ငိုက်နေရာမှ နိုးလာ၏။ထိုမှသာ သူ့ညီမ၏အလှည့် ရောက်ပြီ ဖြစ်ကြောင်း စုပင်း သိလိုက်သည်။အမှန်ပြောရလျှင် စုလင်းယွဲ့ တိုက်ခိုက်မှုကို စုပင်း တစ်ခါမျှတွေ့ဖူးခဲ့ခြင်းမရှိချေ ။

စုလင်းယွဲ့၏ မီးသရဲသားရဲမှာ အဆင့်လေး အလယ်အလတ် ရောက်နေပြီ ဖြစ်သည်။ထို့ကြောင့် ပထမနှစ် မဆိုထားနှင့် တတိယနှစ်များ၏ အဆင့်ရှစ်အတွင်းပင် ဝင်ရောက်စွမ်းရှိပေသည်။ဤအတွက်ကြောင့်လည်း သူမ မာနကြီးနေရခြင်း ဖြစ်မည်ဟု စုပင်း တွေးလိုက်မိ၏ ။

ပထမနှစ်ကျောင်းသူများအတန်းတွင် မိန်းကလေးအချို့မှ အနက်ရောင် အဖြောင့် ဆံပင်ရှည်နှင့် မိန်းကလေးတစ်ယောက်ကို  ဝိုင်းနေကြ၏။ပွဲကြေညာချက် ကြားလျှင် "ယွဲ့ယွဲ့ အလှည့်ရောက်ပြီ" တစ်ယောက်မှ သတိပေးလိုက်ရာ စုလင်းယွဲ့ အေးတိအေးစက်နှင့် ခေါင်းညှိမ့်လိုက်၏ ။

ထိုအမူအယာမှာ စုလင်းယွဲ့၏ ကျောင်းမှ ပုံမှန် အမူအယာ ဖြစ်ကာ အခြားသူများလည်း နေသားကျနေပြီ ဖြစ်၏ ။

"ယွဲ့ယွဲ့ ၊ အလှဆုံး သားရဲအစွမ်းတွေနဲ့ အနိုင်ယူလိုက်" မျက်နှာဝိုင်းနှင့် မိန်းကလေးတစ်ယောက် လက်သီးဆုပ်ကာ အားပေးလိုက်သည်။ စုလင်းယွဲ့ ခေါင်းညှိမ့်ပြချိန် ကြေညာသူမှ သူမနှင့် ပြိုင်ဖက်ဖြစ်သူ အခြားတစ်ယောက်၏ နာမည်ကို ခေါ်လိုက်ခြင်းကြောင့် သူမတို့အပေါ်၌ မီးထိုးလာခဲ့ပြီး အားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရသည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now