အခန်း ၁၆၉ ထိပ်တိုက်တွေ့ခြင်း

667 63 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၆၉

ထိပ်တိုက်တွေ့ခြင်း

ဘာသာပြန်. Soul

"ဘယ်သူ့ကို ပြောတာလို့ ထင်လဲ ။ ကြားလား ။ ဖယ်စမ်း" ထိုလူအို ခြိမ်းခြောက်သည့် အကြည့်နှင့် အော်လာ၏ ။

လူအိုကြီး၏ အော်ဟစ်သံအား စုပင်း သတိထားမိသော်လည်း သူထံ ဦးတည်နေခြင်း မရှိသည့်အပြင် နဂါးဘုရင်နှင့် ယှဥ်လျှင် ပြောပလောက်ခြင်း မရှိ၍ အရေးမစိုက်ခဲ့ပေ ။

ယခုလည်း စုပင်း အရေးမစိုက်ဘဲ နေနေချိန် လူကြားမှ လက်ခုပ်သံနှင့် ခန့်ညားသော လူငယ်တစ်ယောက် အလည်မှ ဦးဆောင်လာသည့် လူ ခုနစ်ယောက် ရှစ်ယောက် အဖွဲ့တစ်ဖွဲ့ ထွက်လာ၏ ။

"ဟားဟား...ကြည့်ရတာ ထန်မိသားစုက နာမည်နဲ့ လိုက်တာပဲ ။ စည်းကမ်း လိုက်နာတဲ့သူတွေကို မောင်းထုတ်နေတာပါလား ။ ဒီဟာက လျှို့ဝှက်နယ်မြေလား မင်းတို့ရဲ့ ကိုယ်ပိုင် နယ်မြေလား" ထိုခန့်ညားသူက ပြောလာ၏ ။

"ရှီးတုဖန်းပဲ ။ ​ရှေ့ဆောင်သူများ အဆင့်ထဲက တစ်ယောက်ပဲ"

"သူလဲ ပဉ္စမ အဆင့် ရောက်ထားတာမလား"

"ဟုတ်ပြီလေ ။ ငါတိူ့က ထန်မိသားစုကို ဘာမှ မလုပ်နိုင်ပေမဲ့ ရှီးတုမိသားစုအတွက်တော့ မတူဘူး" အားလုံး ခပ်လှမ်းလှမ်းမှ ပြောနေကာ အခြေအနေ စောင့်ကြည့်နေ၏ ။

"ငါ့ရဲ့ လုပ်ပိုင်ခွင့်ကို စိန်ခေါ်နေတာလား"

ထန်ယူးရန် ပြောသည်။

"နင့်ရဲ့ လုပ်ပိုင်ခွင့်ကို စိန်ခေါ်ရမယ် ဟုတ်လား ။ ဒီမှာ တိုက်ခိုက်လို့ မရတာ ဆိုးတာပဲ ။ ပြီးရင် ဟုတ်တယ် ။ အခွင့်အရေး ရရင် ဒီလို လှတာလေးကို မြည်းကြည့်ချင်တာပေါ့"

ရှီးတုဖန်းက ထန်ယူးရန်နှင့် သူမ အစေခံ လူအိုအား ကြည့်ကာ နှာခေါင်းရှုံပြီး ပြောလာ၏ ။

"ဘာ...နင်တော့ အသေပဲ"

ထန်ယူးရန် ဒေါသထွက်စွာ သူမ၏ အဆင့်ခုနစ် ကြယ်တာရာ စွမ်းအင် စုစည်း၍ သားရဲအား ဆင့်ခေါ်ရာ အနီးရှိ လူများသည်  သွေးနံ့များအား  ရလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now