အခန်း ၁၂ တော်လွန်းသော ဆရာ

888 122 0
                                    

အခန်း ၁၂ တော်လွန်းသော ဆရာ

ဘာသာပြန်.SOUL

ဇန်းရှုံ ၂ ကြိမ်ဆက် ရှုံးခြင်းကို မြင်လျှင် ပြိုင်ပွဲကွင်း တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏ ။

ဇန်းရှုံ လွှတ်လိုက်သော သားရဲ ၂ ကောင်ဖြစ်သည့် နဂါးခွေးနှင့် ကျောက်တုံးကြံ့ ၂ ကောင်တွင် တစ်ကောင်မှာ သားရဲ ဘုရင် မျိုးဆက်ဖြစ်ပြီး ေနာက်တစ်ကောင်မှာ လျှပ်စီးမျိုးနွယ်ဝင်များ၏ မဟာရန်ဘက် မြေမျိုးနွယ်ဖြစ်ကာ အရွယ်ရောက်လျှင် အဆင့် ၄ အထိ ချက်ချင်း ရောက်နိုင်၏ ။ ထိုသို့ သားရဲ ၂ ကောင်မှာ အဆင့်နိမ့် လျှပ်စီးကြွက်အား ရှုံးသွားခြင်းကြောင့် ဖြစ်၏ ။

"ခုနက လျှပ်စီးမျိုးနွယ်ဝင်တွေရဲ့ အစွမ်း လျှပ်စီးပုံရိပ်ကို သုံးသွားတာလား"

"ဘယ်လိုလို့ လျှပ်စီးကြွက်က အဆင့်မြင့် အစွမ်းတွေ တတ်နေရတာလဲ ။ ရူးတောင် ရူးချင်စရာပဲ"

"တကယ်ကို ကြောက်စရာ ကောင်းတယ် ။ ကြွက်ဘုရင် လို့တောင် ပြောရမယ်"

ပြိုင်ပွဲကွင်း တစ်ခုလုံး လျှပ်စီးကြွက် သုံးလိုက်သော အစွမ်းများအား ကြည့်ကာ အံ့ဩစွာ အော်ဟစ်နေကြ၏ ။

"နိုင်သွားပြန်ပြီ"ဆုယန်းယင်း သူမထံ ပြန်လာနေသော လျှပ်စီးကြွက်အား ကြည့်ကာ အိမ်မက် မက်နေသကဲ့သို့ ခံစားနေရ၏ ။

ပြိုင်ပွဲကွင်းအတွင်းရှိ အသံများအား ဇန်းရှုံ ကြားသော် ပထမတစ်ကြိမ်မှာ သူ၏ သတိမထားမိခြင်းကြောင့် ရှုံးသွားပြီး ဒုတိယအကြိမ် ကျောက်တုံးကြံ့နှင့်ပင် လျှပ်စီးကြွက်အား မနိုင်နိုင်သောကြောင့် လွန်စွာ ရှက်သွား၏ ။

"ကြယ်သူရဲကောင်း သားရဲက လေ့ကျင့်နေလို့ ခေါ်ခဲ့လို့ မရလို့ပေါ့ ။ မဟုတ်ရင် ဒီပွဲ ဒီလို မဖြစ်ဘူး"
ဇန်းရှုံ တွေးကာ မျက်လုံးမှ ရက်စက်သော အကြည့်ဖြင့် ဆုယန်ယင်းအား လှမ်းကြည့်ကာ သူ့အား အရှက်ခွဲခြင်းဟု သတ်မှတ်ကာ မကျေမလည် ဖြစ်နေ၏ ။

"တတိယ ပွဲအတွက် သားရဲ ထုတ်ပါ"
ဒိုင်မှ ဇန်းရှုံအား လှမ်းအော်ပြောပြီးနောက် ဆုယန်ယင်း လက်ထဲမှ လျှပ်စီးကြွက်အား လှမ်းကြည့်လိုက်၏ ။ လျှပ်စီးကြွက်မှာ အများ မနာလိုအောင်ပင် မယုံနိုင်စရာ ေကာင်းကာ ထိုအဆင့်မြင့် အစွမ်း ၂ မျိုးနှင့်ပင် ရှိသမျှ အဆင့်နိမ့် သားရဲ အားလုံးအား အနိုင်ယူနိုင်ကြောင်း တွေးမိလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now