အခန်း ၁၆၂ နောက်ဆုံး ပြင်ဆင်ခြင်း

678 66 1
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

.အခန်း ၁၆၂

နောက်ဆုံး ပြင်ဆင်ခြင်း

ဘာသာပြန်. Soul

"ဟေ့ကောင်လေး ၊ဒီတစ်ခါတော့ မင်းရဲ့ သခင်မက ကျေကျေနပ်နပ်နဲ့ကို ထားခဲ့တာနော် မှတ်မိလား"

စုပင်းက လက်ဆစ်ချိုးရင်း ပြောလိုက်သည်။ မီးသရဲသားရဲမှာ ဘာပြောနေမှန်း မသိ၍ ပျင်းရိသော အကြည့်နှင့်သာ ကြည့်နေ၏။ စုပင်းမျက်နှာပေါ်ရှိ အပြုံးက ပိုမို ပီပြင်လာခဲ့တော့သည်။

"လာခဲ့ ။ သွားပျော်ရအောင်"

စုပင်းက သားရဲအခန်းသို့  သွားလိုက်သည်။ မီးသရဲသားရဲ စုပင်း၏ စောင်အောက်ထဲ ဝင်ပုန်းလေ့ ရှိခြင်းကြောင့် စုပင်း အနံ့နှင့် ရင်းနှီးနေ၍ လက်နှင့် လှမ်းကုတ်ပြီး အနားမကပ်ရန် သတိပေးလိုက်၏ ။

မီးသရဲသားရဲအား  ယာယီ ဆက်သွယ်ခြင်း တံဆိပ် အရင် လုပ်လိုက်လျှင် ယခင်ကဲ့သို့ မဟုတ်‌ေချ။ စုပင်း ကိုင်လျှင် မာန်ဖီခြင်းသာ လုပ်‌ေန၍ အခြား သားရဲတစ်ကောင်နှင့်အတူ နဂါးဘုရင် အမွေအနှစ် နယ်မြေသိူ့ သွားလိုက်၏။

များမကြာမီ အချိန်တွင် စုပင်း၏ သေသေချာချာ ဂရုစိုက်ခြင်းကြောင့် နဂါးအကြေးခွံ နယ်မြေတစ်ခုတွင် မီးသရဲသားရဲ၏ အော်သံများ ထွက်လာလေ၏။

ခဏအကြာ သူတို့ ဆိုင်ထဲ ပြန်ရောက်လာသည်။မီးသရဲသားရဲသည် ရင်းနှီးပြီး ငြိမ်သက် တိတ်ဆိတ်နေသည့် နေရာအား တွေ့ရလျှင် အိမ်မက်ဆိုးမှ နိုးလာသည့်အလား ကြမ်းပေါ် လှိမ့်ကာ အသက်လု ရှူနေရ၏။ စုပင်း ညစ်ကျယ်ကျယ် ပြုံးပြီး သားရဲ နောက်တစ်ကောင်အား လဲ၍ နယ်မြေထဲသို့ ထပ်သွားသည်။ ထို့နောက် ပြန်လာ၍ မီးသရဲသားရဲကို ထပ်ခေါ်ပြီး နဂါးဘုရင် အမွေအနှစ် နယ်မြေသို့ ထပ်ကာ သွားလိုက်သည်။ နောက်နေ့ မနက်အထိ ထိုသွားလိုက်ပြန်လိုက် အကြိမ်ကြိမ် လုပ်နေ၏။

အမှန်ပင် အချိန် အနည်းငယ်ခန့် ရှိသည့် တစ်ညစာတွင် မီးသရဲသားရဲမှာ မူလက ဘောလုံးကဲ့သို့ ခန္ဓာကိုယ်မှ ကြောင်ရိုင်း တစ်ကောင်အလား တောင့်တင်းလာသည်။ မူလ မီးကဲ့သို့ နီနေသည့် အမွှေးများတွင် ကုတ်အင်္ကျီ တစ်ထပ်အလား မီးတောက်အချို့ တက်နေပြီး ပိုမို အရောင် တောက်လာ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now