အခန်း ၁၁၁ အံ့ဩဖွယ် သရုပ်ပြခြင်း

761 81 0
                                    

အခန်း ၁၁၁ အံ့ဩဖွယ် သရုပ်ပြခြင်း
ဘာသာပြန်.Soul

စုလင်းယွဲ့ ၊ ကျန်းစင်းယုနှင့် သူမတို့ သူငယ်ချင်းများ ထိုင်ခုံ အလွတ်များတွင် ဝင်ထိုင်ကာ စုလင်းယွဲ့မှာ စိတ်ရှုပ်ထွေးစွာနှင့် လက်ချာ စမည့်အချိန် စောင့်နေချိန် သူတို့ဆရာမှ ဆရာအသစ်မှာ အမှန်ဖြစ်ကြောင်း ချန်းရွှမ်းလင် အတည်ပြုပေးခဲ့ကြောင်း ပြောလာ၏ ။

စုလင်းယွဲ့ လက်ခံထားသည်မှာ စုပင်း ကျောင်းဝင်ခွင့် စာမေးပွဲပင် မဖြေနိုင်ပဲ ကျောင်းသား မဖြစ်လာနိုင် ယူဆထားပြီး ယခု ဆရာတစ်ယောက် ဖြစ်လာသည်ဟု ကြားရ၍ မယုံနိုင် ဖြစ်နေလေ၏ ။

ထို့အပြင် စုလင်းယွဲ့မှာ စုပင်းနှင့် နှစ်တွေ အများကြီး နေခဲ့ခြင်းကြောင့် ​မှော်အလောင်း သားရဲကို သတ်နိုင်လျှင် သူမအား အိမ်တွင် အနိုင်ကျင့်မည်ဟု တွေးနေမိသည် ။

လက်ချာ စတော့မည် ဖြစ်ခြင်းကြောင့် စုလင်းယွဲ့ စိတ်ရှည်စွာ စောင့်နေချိန် စင်ပေါ် တက်လာသူမှာ စုပင်း မဟုတ်ပဲ လျိုကုဆူး ဖြစ်နေ၍ သူမအတန်းအား တက်ရခြင်း နှစ်သက်သော်လည်း ယခု သူမအတန်း မဟုတ်သဖြင့် မေးခွန်းများ ထွက်လာ၏ ။

"ခနလေး တိတ်ပေးကြပါ ။ အခု ဆရာအသစ်ဖြစ်တဲ့ ဆရာမရဲ့ သူငယ်ချင်း မစ္စတာစုရဲ့အတန်း လာကြည့်တာပါ" လျိုကုဆူး ကွင်းထဲရှိ ကျောင်းသားများအား ဝေ့ကြည့်ကာ ပြောလိုက်သည် ။

စုပင်း လက်ချာ စတော့မည် ကြားသည်နှင့် လျိုကုဆူး အရင်လာပြီး ကျောင်းသားများ ကျောင်းသားများ ပြဿနာ မရှာစေရန် ကူပေးခြင်း ဖြစ်ကာ သူမ ပြောသံကြားလျှင် ကျောင်းသားအများ ယုံကြည်လာကြ၏ ။

"အေးဆေးပါ ။ စိတ်ချ" စင်နောက်တွင် ဒေါင်မင်းဆောင်း စုပင်းအား ပြောနေ၏ ။

စုပင်းအတွက် အလွန် ဆိုးဝါးသော အရာများ ကြုံဖူးခြင်းကြောင့် ထိုသို့ အားပေးမှုမျိုး မလိုသော်လည်း ခေါင်းညှိမ့်ကာ စင်ပေါ်ရှိ လျိုကုဆူးထံ သွားလိုက်လျှင် အားလုံး၏ အာရုံ သူ့ထံ ရောက်လာ၏ ။

"သူက ဆရာအသစ်လား ။ ပုံထဲက အတိုင်းပဲ" ကျောင်းသားတစ်ယောက် ရေရွတ်နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now