အခန်း ၅၉ ကျားအရေခြုံ ကြံ့သူတော်

724 98 0
                                    

အခန်း ၅၉ ကျားအရေခြုံ ကြံ့သူတော်

ဘာသာပြန်.Soul

အားလုံး ယာယီတဲများ အလည်ရှိ အာကာသ အက်ကြောင်းရှေ့ ရပ်လိုက်ကြ၏ ။

သူများတွေကိုအမှီလိုက်ကြ ရအောင်"
လင်းမိုးခုန် ပြောပြီး နောက်ပြန် လှည့်မကြည့်ပဲ အက်ကြောင်းထဲ ခုန်ဝင်ကာ ပျောက်သွား၏ ။

"ဒါ ဘရားသားစုရဲ့ ပထမဆုံးအကြိမ်မလို့ စောင့်ရှောက်ပေးလိုက်" ဖန်ကန်းလီ ဖန်းယူကျင်းအား သတိပေးလိုက်ပြီး သူလည်း အက်ကြောင်းထဲ ခုန်ဝင်သွားကာ လီယင်း နောက်မှ လိုက်သွားသည် ။

"နောက်က လိုက်ခဲ့မယ်" စုပင်းအား ဖန်းယူကျင်း ပြောလိုက်၏။ အန္တရာယ် မရှိမှန်း သေချာသည်နှင့် စုပင်းလည်း ခုန်ဝင်သွား၏ ။

စုပင်း ခုန်ဝင်သွားချိန် အထဲရှိ ပျိုးထောင်ခြင်း နယ်မြေသို့ သွားချိန်ကဲ့သို့ အချိန်နှင့် ဟင်းလင်းပြင် ရွေ့လျားခြင်းအား ခံစားလိုက်ရပြီး ရုတ်တရက် မြေပေါ် ရောက်သွားကာ ကိုယ်ပေါ်မှ ဝန်ထုတ် လွတ်ကျသွသည့်အလား ပေါ့သွားကာ ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ စူးစမ်းသူအချို့ ဟိုဟိုဒီဒီ သွားလာနေကြကြောင်း တွေ့လိုက်ရ၏ ။

စုပင်း ခေါင်းမော့လိုက်လျှင် ကြည်လင်နေသော နဂါးငွေ့တန်းအတွင်း ကြည်များနှင့် ဂြိုလ်အရွယ် မျိုးစုံ အကွာဝေး မတူညီစွာ တွေ့လိုက်ရကာ ဖန်းယူကျင်း ပြောသော မသိသော ကမ္ဘာ ဖြစ်ရမည်ဟု တွေးလိုက်မိကာ ပတ်ဝန်းကျင် တစ်ခုလုံး ​မှောင်နေပြီး ညအချိန်မှန်း သိလိုက်ရ၏ ။

သို့သော်လည်း စုပင်းမှာ သားရဲစစ်သည် ဖြစ်ခြင်းကြောင့် မီတာ သုံးဆယ်ခန့် မြင်နေရပြီး ထိုမီတာ သုံးဆယ်အကျော်တွင် ခပ်ရေးရေးသာ မြင်နေရ၏ ။

"ဝှီး" အလင်းတစ်ချက် လက်ကာ ဖန်းယူကျင်းလည်း ရောက်လာပြီး အားလုံး စုံသွား၏ ။

"ဒါက နောက်ဆုံးအကြိမ်က ရှာဖွေပြီးတဲ့ မြေပုံပဲ ။ ဒီနေရာက နောက်ဆုံး ရောက်ခဲ့တဲ့နေရာ ။ ဒီနေရာက သွေးမြေခွေး ပျောက်သွားတဲ့နေရာ ။ အဲ့ဒီနေရာမှာ သွားရှာရမှာ" ဖန်ကန်းလီ မြေပုံတစ်ခု ထုတ်ပြရင်း ပြောပြနေ၍ အားလုံး မှတ်မိအောင် မှတ်သားထားလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Donde viven las historias. Descúbrelo ahora