အခန်း ၈၄ ပြတ်သားသော ကျရှုံးမှု

731 96 0
                                    

အခန်း ၈၄ ပြတ်သားသော ကျရှုံးမှု

ဘာသာပြန်.Soul

"ဟေ့ကောင်လေး ၊ လွမ်းနေလား" လျှပ်စီးကြွက်အား ကြည့်ကာ စုပင်း ပြုံးပြီး မေးလာလျှင် လျှပ်စီးကြွက် ချက်ချင်းပဲ ဆုယန်းယင်း ခြေနောက် ပုန်းလိုက်၏။ သူ့မှတ်ဥာဏ်ထဲ စွဲနေသော စုပင်း၏ ညစ်ကျယ်ကျယ် အပြုံးမှ ခြောက်လှန့်ခဲ့ကာ ဆုယန်းယင်း၏ စောင့်ရှောက်မှုအောက် သက်သာစွာ နေနေရပြီး ယခု ထိုအပြုံးအား ပြန်တွေ့ရချိန် အိမ်မက်ဆိုးများ ပြန်မြင်လာ၏ ။

လျှပ်စီးကြွက်၏ ခံစားချက်အား အတိအကျ မသိသော ဆုယန်းယင်းတစ်ယောက် လျှပ်စီးအိမ်မြှောင်နှင့်ပင် မတွေ့ရသေးပဲ စုပင်းအား ကြောက်နေသော လျှပ်စီးကြွက်အား ကြည့်ကာ ကျဆုံးဖီးနစ် ထုတ်လိုက်မိသည်ကို ကံကောင်းသည်ဟု တွေးလိုက်၏။

ထိုအချိန် စုလင်းယွဲ့မှာ စုပင်းအား ဆုယန်းယင်း ဘေးတွင် တွေ့လိုက်ရ၍ သူမမျက်လုံးသူမ မယုံနိုင် ဖြစ်နေ၏။ သူမစိတ်ထဲတွင် စုပင်းမှာ အားနည်းသူကို အနိုင်ကျင့်ရဲသော အရှုံးသမား တစ်ယောက်အဖြစ်သာ လက်ခံထားခြင်းပင်..။

စုလင်းယွဲ့စိတ်ထဲ စုပင်းမှ ဆုယန်းယင်းအား မြှူဆွယ်ထား၍ အထက်တန်းခုံတွင် ထိုင်ရခြင်း ဖြစ်ကြောင်း သတ်မှတ်လိုက်၏ ။

"နှစ်ယောက်လုံး အသင့်ပြင်" ဒိုင်မှ တိုက်ခိုက်သူများ၏ လုံခြုံမှုအတွက် တာဝန် ယူထားရခြင်းကြောင့် ဖိအားများနှင့် ပွဲစလိုက်၏ ။

ဆုယန်းယင်း ဒိုင်အား ခေါင်းညှိမ့်ပြကာ ကျဆုံးဖီးနစ်အား အရင် သွားခိုင်းလိုက်ရာ ကွင်းတစ်ခုလုံး အပူချိန် မြင့်တက်လာ၏ ။

"မီးလျှံတန်း"ဆုယန်းယင်း ကျဆုံးဖီးနစ်၏ ခွန်အား အကြီးဆုံး အစွမ်းအား သုံးခိုင်းလိုက်ပြီး ပရိတ်သတ်လည်း ကျဆုံးဖီးနစ်၏ အမွေရသော အစွမ်း မဟုတ်သည့် မီးလျှံတန်းအား ကြည့်ကာ အံ့ဩနေ၏ ။

ဆုယန်းယင်း ပြသမှု ကောင်းလေလေ သူ့အတွက် အနိုင်ယူလျှင် ပိုကောင်းလေလေ ဖြစ်ခြင်းကြောင့် ပရိတ်သတ်အား ကြည့်ပြီး ယီဟို ပြုံးနေ၏ ။

လျှပ်စီးအိမ်မြှောင်မှာ ယီဟို၏ ညွှန်ကြားချက်ကြောင့် ခေါင်းမော့ပြီး ဂါးခနဲ အော်လိုက်ရာ ပရိတ်သတ်တင်မက ကျဆုံးဖီးနစ်လည်း ​နှောင့်ယှက်ခံရပြီး မီးလျှံတန်းလည်း တဖြည်းဖြည်းဖြင့် သေးငယ်လာခဲ့ပြီး ပျောက်ဆုံးသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now