အပိုင်း ၁၈၂ သားရဲဘုရင် ဖြစ်လုနီးပါး

698 58 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အပိုင်း ၁၈၂

သားရဲဘုရင် ဖြစ်လုနီးပါး

ဘာသာပြန်. Soul

ထိုအလောင်းများမှာ အရိုးများ ဖြစ်နေပြီ ဖြစ်သည့်အပြင် အရိုးအချို့မှာ ဆွေးမြည့်နေသောကြောင့် တွေ့ရလျှင် ကြာမြင့်လှပြီ ဖြစ်ကြောင်း သိသာနေ၏ ။

အမြန် ကြည့်ရုံနှင့်ပင် အလောင်း စုစုပေါင်း တစ်ရာကျော်ခန့် အက်ကြောင်းကြား ရှိမည်ကို တွေ့ရပြီး လူအရိုးစု အချို့ကိုလည်း တွေ့နိုင်သည်။ ထို့ပြင်ထိပ်ဆုံးတွင် သွေးပင် မခြောက်သေးသော လူအလောင်းများ ရှိနေကြောင်း စုပင်း တွေ့လိုက်ရ၏ ။

ထိုလူများ၏ မနီးမဝေးတွင် ငွေရောင်အတောင်ပံနဂါး တစ်ကောင်မှာ အတောင်တစ်ဖက် ပြတ်၍ လည်ပင်းလည်း လိမ်ချိုးခံထားရကာ နှလုံး ရရှိနေမည့် ရင်ဘတ်နေရာတွင် အပေါက် ဖြစ်နေခြင်းကို တွေ့လျှင် စုပင်း အန္တရာယ် ကြီးမားသည့် သားရဲတစ်ကောင် အနီးအနား ရှိသည့်အလား ဆံပင်မွှေးပင် ထောင်ချင်လာ၏ ။

"သူတို့က အကြာခင်ကပဲ အသက်ရှင်နေသေးတယ် ။ ငါတို့ မီးတောက် ရေနဂါးနဲ့ တိုက်ခိုက်နေတဲ့အချိန် တိတ်တိတ်လေး ဝင်လာကြတာလား"

တစ်စုံတစ်ယောက် ပြောလျှင် သူတို့မှာ ငါးစာအဖြစ် အသုံချခံရကြောင်း သိလျှင် အားလုံး မျက်မှောင်ကြုတ်လိုက်၏ ။

"လျှို့ဝှက် ရတနာက ဒီသစ်ပင်လား"

ပုံစံမပျက် ရှိနေသည့် သစ်ပင်အား ကြည့်ကာ အဘိုးကြီးမိုနှင့် လူသန်ချန်းက စဥ်းစားနေစဥ်

"ခေါင်းဆောင် ၊ ခေါင်းဆောင်"

ယီချန်းရှန်မှာ သူ့ရဲ့ စိမ်းပြာရောင်ဖွတ်အား ကြမ်းပြင်ကို အသုံးချ၍ နီချန်းခုန်ကို သူအနား ခေါ်ခိုင်းနေ၏ ။

"အသီး...အသီး"

နီချန်းခုန်က တိုးညင်းစွာ ရေရွတ်နေပြီး မျက်လုံးမှာလည်း အလင်းရောင်အား တုန့်ပြန်နိုင်ခြင်း မရှိတော့၍ အချိန် သိပ်မကျန်တော့မှန်း သိသာနေသည်။ ထိုအသီးအကြောင်း ကြို၍ သိနေသည်မှာ မှန်သည်ဟု စုပင်း သိလိုက်ရ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now