အပိုင်း ၁၆၅

683 71 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အပိုင်း ၁၆၅

ဘာသာပြန်. Soul

"နာမည်ပဲ ရတာပါ ။ နာမည်ကြီး မဟုတ်ဘူး ။ အများကြီး ကြားထားဖူးပါတယ် ညီအကိုစု ။ ဒီလို အရွယ်နဲ့ အဆင့်ရှစ်အမြင့် မှော်အလောင်း သားရဲကို သတ်နိုင်တာ ကျတော့ထက်လဲ အားနည်းမယ် မထင်ဘူး ။ နောက်ကျ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဖြစ်လာမယ်လို့ ယုံပါတယ်"

နီချန်းခုန်က ပြောလာ၏။

"အတူတူပဲ နေမှာပါ ။ မမြှောက်ပါနဲ့"

သကာဖုံးသည့် စကားများ မပြောတတ်၍ စုပင်း ရိုးရှင်းသွာ ပြောလိုက်၏။

ထိုအခိုက် စုပင်းမှာ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဖြစ်လာမည် မဟုတ်ဘဲ ဖြစ်နေပြီ ဖြစ်ကြောင်း ကျောင်းမှ ပြသချက်အား အလုပ်ရှုပ်၍ မပြောဖြစ်သည့် လောင်ကူးရွှယ်၏ မျက်နှာ နီသွားပြန်၏။

"တွေ့ရတာ ဝမ်းသာပါတယ်"

"ဟိုင်း မစ္စတာစု"

ဆိုဖာပေါ် ထိုင်နေသည့် အခြား အဖွဲ့ဝင် ဖြစ်သော မိန်းကလေးနှင့် ယောက်ျားလေးက စုပင်းအား နှုတ်ဆက်လာ၏ ။

စုပင်း၏ ငယ်ရွယ်မှုကြောင့် မေးခွန်းထုတ်ဖွယ် ရှိသော်လည်း လျိုကုဆူးနှင့် ယီချန်းရှန်အား ယုံကြည်သည့်အပြင် ထိုနှစ်ယောက်၏ အသက် ကယ်ထားခြင်းကြောင့် လေးစားခြင်း ဖြစ်၏ ။

စုပင်းက ခေါင်းညိတ်ပြလိုက်ဟည်။ ယောက်ျားလေးမှာ ကျိုးကျင်းဖြစ်၍  မိန်းကလေးမှာ ကောယွဲ့လင်ဟု မိတ်ဆက်လာပြီး လျိုကုဆူးနှင့် အတူတူပင် အဆင့်မြင့် သားရဲစစ်သည် ဖြစ်ကြောင်း သိလိုက်ရ၏ ။

"လာထိုင်ပါဦး ညီအကိုစု"

နီချန်းခုန်က ဧည့်ဝတ်ကျေစွာ စုပင်းအား ခေါ်လိုက်၏ ။

အိမ်ရှင် သဘောအတိုင်း ဧည့်သည်မှာ နေရမည် ဖြစ်၍ စုပင်းက ထိုင်ပြီးမှ

"ခေါင်းဆောင်နီ ၊ လျှို့ဝှက်နယ်မြေက မြေပုံ ဘယ်တော့ ပြမလဲ"

မေးကြည့်လိုက်သည်။

"မလောပါနဲ့ ။ နောက်ထပ် နှစ်ယောက် လာဦးမယ် ။ သူတို့ရောက်မှ ကြည့်ကြတာပေါ့"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Tempat cerita menjadi hidup. Temukan sekarang