အခန်း ၆၇ စီး၍ ရသော ရုပ်သေး

741 103 0
                                    

အခန်း ၆၇ စီး၍ ရသော ရုပ်သေး

မိုးပြာရောင် ငှက်မွှေးမြွေမှာ အခြေအနေ အလွန် ဆိုးနေ၏။အကယ်၍သာ ကျွမ်းကျင် ပညာရှင်၏ ကုသခြင်း မရှိလျှင် သေသွားနိုင်သော အခြေအနေ ဖြစ်နေခြင်းပင်..။

"မစ္စတာ...မစ္စတာစုရဲ့ အရိုးခြောက်က အခြေအနေအားလုံး ထိန်းထားပြီလား"

ဖန်ကန်းလီ မြူများအား ကြည့်ရင်း စိုးရိမ်စွာနှင့် စုပင်း၏ အင်အားကို မြင်လိုက်ရ၍ ညီအကိုစုဟု မခေါ်တော့ပဲ မေးလိုက်၏ ။

"အဲ့လိုပဲ ပြောရမှာပေါ့" စုပင်း အရိုးခြောက်ကလေးနှင့် ဆက်သွယ်ခြင်းမှ မသေမျိုး စွမ်အင်များ ​မှော်အလောင်း သားရဲထံမှ စုပ်ယူနေကြောင်း သိထား၍ ပြောလိုက်၏ ။

​မှော်အလောင်း သားရဲနှင့် တိုက်ခိုက်ချိန်တွင် အရိုးခြောက်ကလေးသည် ဘောလုံးလှိမ့် တိုက်ခိုက်ခြင်းအား ​ရှောင်ရန် ကိုယ်ထဲ အပေါက်ဖောက်ကာ ဝင်သွားပြီး ကိုယ်တွင်း အင်္ဂါများအား ဖျက်စီးလိုက်၏ ။

"သွားပြီး အပြတ်ရှင်းဖို့ လိုမလား"

လီယင်းမှာ မြူခိုးများမှ ကြက်သီးထဖွယ် ခံစားနေရ၍ ကိုယ်တိုင် မသွားသေးပဲ မေးလိုက်၏။

"မီးအမြှီး သွေးမြေခွေးကို တွေ့မိကြလား" စုပင်း ခေါင်းရမ်းကာ မီးနဂါးအသီးပုလင်းအား ထုတ်ရင်း မေးလိုက်၏ ။

ဖန်းယူကျင်းနှင့် လီယင်းတို့ စုပင်း ထိုကိစ္စနှင့် ပက်သက်၍ တွေးနေသေးခြင်းကြောင့် အံ့ဩသွား၏ ။

"မီးအမြှီး သွေးမြေခွေး?" ယီချန်းရှန် မျက်မှောင်ကြုံ့ တွေးပြီး "မတွေ့ခဲ့ဘူး ။ လက်ထဲက မီးအမျိုးအစား အစာမလား ။ အဲ့ဒီ မြေခွေးကို ဖမ်းမလို့လား" စုပင်းနှင့် ပြေလည်စေရန် ဖြေပေးလိုက်၏ ။

"မြေခွေးက ဒီအဖွဲ့ရဲ့ တစ်ယောက်ရဲ့ သားရဲပါ ။ ကျတော်က ကူပြီး ရှာပေးတာ" စုပင်း စိတ်ပျက်စွာနှင့် ပြောလိုက်လျှင် ယီချန်းရှန် အံ့ဩသွားပြီး စုပင်းနာမည် မကြားဖူးခြင်းအား မဆန်းဘူးဟု တွေးလိုက်၏ ။

"ကျေးဇူးပါ ၊ မစ္စတာစု" စုပင်း မူလ အစီအစဥ်အား ပစ်ပယ်ခဲ့ပြီ ထင်ကာ ယခု ပြောလာမှုကြောင့် ပျော်ရွှင်ခြင်းများ ဖန်းယူကျင်း ရင်ထဲ ပြည့်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now