အခန်း ၃၆ ကြယ်တံခွန် ဇယား

782 100 0
                                    

အခန်း ၃၆ ကြယ်တံခွန် ဇယား

ဘာသာပြန်. SOUL

(ပင်မ တာဝန်ကို ပြီးမြောက်သွားပါသည် ။ ဆုအား ထုတ်ယူပါမလား)
(ဆင့်ပွား တာဝန်တစ်ခုဖြစ်တဲ့ စတိုးဆိုင် ဖောက်သည်တွေရဲ့ ပထမဦးဆုံး လေ့ကျင့်ရေး အော်ဒါကို  ပြီးမြောက်သဖြင့် ခွန်အားတိုး ဆေးလုံး ရယူနိုင်ပါပြီ) စုပင်းခေါင်း မကြည်မလင် ဖြစ်နေချိန် စနစ်မှ အသိပေးချက် နှစ်ခု ပေါ်လာ၏ ။

စစချင်း စုပင်း အံ့ဩသွားသော်လည်း တုံ့ဆိုင်းမနေပဲ ဆုကို ထုတ်ယူလိုက်သည် ။ဤငါးရက်တာ လေ့ကျင့်ရေးခရီးစဥ်တွင် လျှပ်စီးကြွက်နှင့် အရိုးခြောက်ကလေးတို့ အလွန် ပြောင်းလဲသွားစေကာ ယခင်က မဖြစ်နိုင်ဟု စုပင်း မှတ်ယူထားသော တာဝန် နှစ်ခုကိုလည်း ပြီးမြောက်နိုင်ခဲ့၏ ။

လျှပ်စီးကြွက်နှင့် အရိုးခြောက်ကလေး၏ ပြောင်းလဲမှုမှာ ၎င်းတို့၏ကြိုးစားအားထုတ်မှုသက်သက်ကြောင့်မကပဲ မသေမျိုးများ၏ ကစဥ်ကလျား နယ်မြေ အကူအညီကြောင့်လည်း ပါ၏ ။ ထိပ်တန်း နယ်မြေ ဖြစ်သည့်အလျောက် မသေမျိုးများ၏ ကစဥ်ကလျားနယ်မြေအတွင်း မသေမျိုး စွမ်းအင်များက အလွန်ပင်ပိတ်ပိန်းထူထပ်လှပြီး အသက်တစ်ကြိမ်ရှုသွင်းလိုက်ရင်ပင် သက်ရှိတစ်ကောင်အား မသေမျိုးတစ်ကောင်အဖြစ် ပြောင်းသွားစေနိုင်လောက်သည်အထိ သိပ်သည်းပေသည် ။

ထိုနယ်မြေမှာ အရိုးခြောက်ကလေးအတွက် အလွန် သင့်တော်သော နေရာ ဖြစ်ခြင်းကြောင့် ၎င်း၏ ပါရမီမှာ အလွန်နိမ့်မှ သာမာန်ထက်မြင့်သည်အထိ တိုးတက်လာ၏ ။

ယခုအချိန်တွင် လျှပ်စီးကြွက်နှင့် အရိုးခြောက်ကလေးတို့မှာ အလွန် သန်စွမ်းနေကာ အဆင့်တူ သားရဲများ ယှဥ်၍ပင် ရနိုင်မည်မဟုတ်ပေ ။

စုပင်း ခွဲခြားခြင်း စွမ်းရည် သုံးပြီး နှစ်ကောင်လုံး၏ အချအလက်အား ကြည့်လိုက်၏ ။

အရိုးခြောက်ကလေး
အမျိုးအစား - မကောင်းဆိုးဝါး မျိုးနွယ် သားရဲ
အဆင့် - အဆင့် ၂ အမြင့်
တိုက်ခိုက်နိုင်စွမ်း - ၇.၄
ပါရမီ - သာမာန်ထက် မြင့်
တတ်မြောက်ပြီး အစွမ်း - ပြန်လည် ထမြောက်ခြင်း ၊ မသေမျိုးများ ကျွန်ပြုခြင်း ၊ အလည်အလတ် ဓားသိုင်း ၊ ရုပ်သေးပညာ ၊ အသား ပုပ်ခြင်း ၊ အမှောင်ထု ချည်နှောင်ခြင်း ၊ သေခြင်း အော်မြည်သံ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now