အခန်း ၇၈ ကျော်ကြားမှု

734 81 0
                                    

အခန်း ၇၈ ကျော်ကြားမှု

ဘာသာပြန်.Soul

စုပင်း ​ရှေ့တွင် ထိုင်ပြီး မိန်းကလေး နှစ်ယောက်အား နောက်တွင် ထိုင်ခိုင်းကာ ကားသမားအား ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းသို့ မောင်းရန် ပြောလိုက်၏။

သူတို့သုံးယောက်အား ကြည့်ပြီး ကျောင်းသားများ ဖြစ်ရမည်ဟု ကားသမားမှ သတ်မှတ်၍ သာမာန်လူတစ်ယောက် အနေနှင့် သားရဲစစ်သည်များအကြောင်း အလွန်သိချင်သဖြင့် စကားတပြောပြောနှင့် မောင်းလာသော်လည်း လမ်းကြောင်းမှားမည် စိုးရိမ်၍ စုပင်း မဆိုစလောက်မျှသာ ပြန်ပြောလိုက်သည်။

နာရီဝက်ခန့်အကြာတွင် ကျောင်းအပေါက်ဝသို့ ရောက်လာခဲ့ကြ၏။ လမ်းမှာ ကျယ်သော်လည်း နာမည်ကြီး ကားမျိုးစုံဖြင့်ပြည့်နှက် နေကာ ကျောင်းသား ၊ ကျောင်းသူအချို့ ကားထဲမှ အလျှို
လျှိုထွက်လာနေ၏ ။

ထိုနာမည်ကြီး ကျောင်းတက်ရန် အလွန်ပါရမီရှိရန်အပြင် ကြွယ်ဝသူ မဟုတ်လျှင်တောင်မှ သာမာန်ထက်သာသော အခြေအနေ ရှိသော မိသားစု လိုအပ်ပေသည်။ သာမာန် မိသားစုများအတွက်မှု သင်တန်းစားရိတ်နှင့် သားရဲပျိုးထောင်ခြင်း စရိတ်မှာ အလွန်တာဝန်ပိသည့်အပြင် ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းစရိတ်မှာ အခြားကျောင်းများထက် ဆယ်ဆ များခြင်းကြောင့် ဖြစ်၏ ။

ကားရပ်လျှင် စုပင်း အရင်ဆုံး ဆင်းလိုက်၏။ လန်းလီလီ ပိုက်ဆံ ပေးနေချိန်၌  ခမ်းနားလှသည့် ကျောင်းမုဒ်ဝအား ကြည့်ကာ စိတ်တိုင်းကျသလို ခေါင်းတစ်ချက်ငြိမ့်ပြီး ဦးဆောင် ဝင်သွားလိုက်သည်။ ဆုယန်းယင်းနှင့် လန်းလီလီ နောက်မှ လိုက်လာပြီး လမ်းများကို စုပင်းရင်းနှီးနေခြင်းအား "ကျောင်းရောက်ဖူးတာလား" အံ့အားသင့်ဟန်ဖြင့် မေးလိုက်ကြသည် ။

လူအများစုမှာ ရောက်ရောက်ချင်း ကျောင်းရှေ့ရှိ အသက်ဝင်နေသော သားရဲဘုရင် အရှိန်အဝါနှင့် ခရမ်းမြှီး အံ့ဖွယ် ဖီးနစ် ရုပ်တုအား ကြည့်ကာ အံ့ဩလေ့ ရှိကြပြီး စုပင်းမှာ သူ့အိမ်သူ့ယာကဲ့သို့ ဖြစ်နေ၍ ဆုယန်းယင်း ကြက်သေ သေသွားခဲ့ခြင်းပင်..။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now