အခန်း ၇၂ သူရိယ တံတိုင်း

768 101 0
                                    

အခန်း ၇၂ သူရိယ တံတိုင်း

ဘာသာပြန်.Soul

အားလုံးအား နှုတ်ဆက်ပြီး စုပင်းနှင့် ဖန်းယူကျင်းတို့ စခန်းရှေ့ရှိ ကောင်တာတွင် ထွက်ခွာခွင့်ယူရန်နှင့် ငရဲကျောက်ရိုင်းအတွက် စစ်ဆေးမှု ပြုလုပ်ရန် သွားလိုက်၏။ထို့နောက် တာဝန်ရှိသူများက ကျောက်ရိုင်းအား မြို့ထဲရှိ သတ်မှတ်သောနေရာတွင် သွားယူနိုင်ခွင့်ကို ခွင့်ပြုပေးလိုက်၍ အချိန်ဆွဲမနေပဲ ကားယူပြီး ညတွင်းချင်း ပြန်လိုက်၏ ။

အဓိကဟိုင်းဝေးလမ်းမကြီးပေါ်ရောက်ချိန်တွင် လမ်းမီးတွေက ထိန်ထိန်လင်းနေပြီ ဖြစ်သည်။

ခရီးသည်ခုံတွင် ထိုင်ရင်း စုပင်း ပျင်းရိလာသဖြင့် စနစ်၏ မစ်ရှင်မှ ရသော ဆုအား ကြည့်မိလိုက်၏။၎င်းမှာ သူရိယတံတိုင်းဟူသော ခန္တာကိုယ်စွမ်းရည်အား တိုးမြင့်ပေသော စာအုပ်ပင်ဖြစ်ပြီး သူ၏မှတ်ဥာဏ်ထဲတွင် ရောက်နေခဲ့ပြီဖြစ်၍ စုပင်း လေ့လာကြည့်လိုက်၏ ။

"ငါကြည့်ပါရစေ..။သူရိယတံတိုင်းဆိုတာက ခန္ဓာကိုယ်အတွက် ကျင့်ကြံမှုနည်းစနစ်တစ်ခု ဖြစ်ပြီးတော့ ဒဏ္ဍာရီလာ အကောင်ဖြစ်တဲ့ သူရိယရွှေကျီးတွေက ဖန်တီးခဲ့တယ် ။ ဒီ ကျင့်ကြံမှု အောင်မြင်တဲ့သူက တောင်တွေ လက်သီးနဲ့ ဖြိုနိုင်တဲ့ ခွန်အား ရမယ် ။ ပြီးပြည့်စုံအောင် ကျင့်ကြံလိုက်ရင် အသုံးပြုသူကို ကြယ်တွေကို တစ်စစီ ဖြစ်အောင် လုပ်နိုင်ပြီးတော့ သေနိုင်လောက်တဲ့ ဒဏ်ရာက လွတ်နိုင်တယ်" စုပင်း ဖတ်နေ၏ ။

"ဒီစွမ်းအားကိုရနိုင်ဖို့အတွက် မင်းအနေနဲ့ သဘာဝ စွမ်းအင်ကိုစုပ်ပြီး နတ်ဘုရား စိတ်ဝိညာဥ် ဗဟိုချက်ကို အတွင်းမှာ တည်ဆောက်ရမယ်။အဲတာက မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေတင်မကဲ စိတ်စွမ်းအင်ကို ပိုပြီးသန်မာလာအောင် ကူညီပေးနိုင်စွမ်းရှိတယ်။တကယ်လို့မင်းသာ အဲဒီစိတ်ဝိဥာဏ်ဗဟိုချက်ကို ပြီးပြည့်စုံနိုင်ခဲ့ရင် မင်းအနေနဲ့ အသံထက် မြန်တဲ့ အလျှင်နဲ့ ဖျက်စီးမှု အားကြီးတဲ့ မီးလျှံကို ပိုင်ဆိုင်တဲ့ ရွှေကျီးကန်းတစ်ကောင်အဖြစ်ကို ယာယီပြောင်းလဲနိုင်စွမ်း ရှိတယ်" အညွှန်းအား ဖတ်ကြည့်မိသည်နှင့် စုပင်း၏ အိပ်ချင်စိတ်များက လေနှင့်အတူ လွင့်ပါးသွားရ၏။ စနစ်၏ ပေးသော ဆုများမှာ အကောင်းဆုံး ဖြစ်ကြောင်းကိုလည်း သူ့ရင်ထဲတွင် ​အော်ဟစ်မိလိုက်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now