အခန်း ၁၂၃ သီးသန့် ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း

732 60 0
                                    

အခန်း ၁၂၃ သီးသန့် ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း

ဘာသာပြန်.Soul

ရှုကွမ်း လုံကျန်းမှ ရုပ်ချောသူဟူသော နာမည်၏ အချက်အလက်များကိုကြည့်လိုက်ရာ အဆင့်ကိုး သားရဲစစ်သည်များသာရနိုင်သည့် သီးသန့် ရွှေရောင်ဘောင်အား တွေ့လိုက်ရ၍ ဘွဲ့တံဆိပ်ရသင်ကြားသူ ဖြစ်ကြောင်း သိလိုက်ရကာ အလွန် ပျော်သွား၏ ။

(ရှုကွမ်း - ကောင်းသောနေ့ပါ မစ္စတာ☺️
ရှုကွမ်း သေချာစွာ စဥ်းစားပြီး ရေးလိုက်၏။
(လုံကျန်းမှ ရုပ်ချောသူ - မသေမျိုးသားရဲတွေနဲ့ ပက်သက်တဲ့ သင်ကြားသူ ရှာနေတာတွေ့လို့ ၊ အခုအချိန် ရတယ်၊တချိန်ကို တစ်သန်းကျမယ်။ သဘောတူလား) စုပင်း ပြန်ဖြေလိုက်၏ ။

ဝဘ်ဆိုက်တွင် ဘွဲ့တံဆိပ်ရသားရဲစစ်သည် ၁၂ယောက် ရှိသော်လည်း ထိုသူများမှာ အမြဲတမ်း သင်ကြားလေ့မရှိပဲ အဆက်အသွယ်ကောင်းသူမှသာ ငှားနိုင်ခြင်းကြောင့် ရှုကွမ်း မယုံနိုင် ဖြစ်ပြီး တစ်ဖက်တွင် သင်ကြားသူ ပျင်းနေ၍ ဖြစ်မည်ဟု တွေးမိလိုက်သည် ။

တစ်သန်းမှာ များပြားလှသော ပမာဏဟု ဆိုနိုင်သည်သော်လည်း  ဘွဲ့တံဆိပ်ရ သားရဲစစ်သည်တစ်ဦး၏ သင်ကြားပို့ချပေးမှုနှင့်စာလျှင် မပြောပလောက်ခြင်းကြောင့် အခွင့်အရေးအား ဖမ်းဆုပ်ရန် ရှုကွမ်း ဆုံးဖြတ်လိုက်၏ ။

(ရှုကွမ်း - ရပါတယ် ၊ ရပါတယ် ။အခုလို သင်ကြားခွင့်ရတာက ကျွန်တော့်ဘက်က ဂုဏ်ယူရမှာပါ)
(လုံကျန်းမှ ရုပ်ချောသူ - ကောင်းပြီ ။ ဒါဆို ဘယ်အချိန်တွေ အဆင်ပြေမလဲ)
(ရှုကွမ်း - အချိန်မရွေးပါ :😁)
(လုံကျန်းမှ ရုပ်ချောသူ - ဒါဆို ဒီည ခုနစ်နာရီ တွေ့မယ် ။ လိပ်စာပေး)
(ရှုကွမ်း - လိပ်စာက ___)
(လုံကျန်းမှ ရုပ်ချောသူ - ကောင်းပြီ)
(ရှုကွမ်း - ကျွန်တော် စောင့်နေပါမယ် ။ လောစရာ မလိုဘူး ။ 😊)
ရှုကွမ်း ပြောပြီးချိန် သင်ကြားသူမှာ မီးခိုးရောင် ပြောင်းသွား၍ ထွက်သွားပြီမှန်း သိလိုက်ရ၏ ။

ရှုကွမ်း သက်ပြင်းချပြီး နာရီအား ကြည့်မိလိုက်သည်။နောက်ခြောက်နာရီအကြာတွင် လူတိုင်း၏အိမ်မက်မက်ဖြစ်သော ဘွဲ့တံဆိပ်ရသားရဲစစ်သည်နှင့် လူချင်း တွေ့နိုင်တော့မည်ဖြစ်သည်။အမှန်တော့ လုံကျန်းမြို့တွင် ဘွဲ့တံဆိပ်ရသားရဲစစ်သည်အများအပြား ရှိသော်လည်း ယခုလိုလူရှေ့သူရှေ့ထွက်လာခြင်း ရှားပါးလှ၏။သူတက်ရောက်နေသည့် ကျောင်းတွင်လည်း ဘွဲ့တံဆိပ်ရသားရဲစစ်သည်ရှိသော်လည်း လက်ချာ မပေးသည်မှာ ကြာလှပြီဖြစ်ကြောင်း ရှုကွမ်းသိနေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now