အခန်း ၁၄၉ ဒဏ္ဍာရီတစ်ခု

763 80 0
                                    

အခန်း ၁၄၉ ဒဏ္ဍာရီတစ်ခု

ဘာသာပြန်. Soul

အသူတရာချောက်နက်မြွေ မြေပေါ် ကြောက်ရွံ့ကာ တုန်နေချိန်၌ စုပင်း ၏စကားကို ကြားလိုက်သည်နှင့် ဖေးယန်ဘို ကြောင်အနေရာမှ သတိပြန်ဝင်လာခဲ့သည်။သို့သော် သူကြုံတွေ့လိုက်ရသော ဖြစ်စဥ်အား လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။

အခက်အခဲ များစွာကြားမှ အသူတရာချောက်နက်မြွေအား ရရန် ကြိုးစားခဲ့ပြီးမှ အရိုးခြောက်တစ်ကောင်၏ အနိုင်ယူခြင်း ခံရ၍ ဖေးယန်ဘို လက်မခံနိုင်သော်လည်း ဖြစ်ပျက်ခဲ့သည်မှာ အမှန်တစ်ကယ် ဖြစ်နေခြင်းကြောင့် လက်မခံချင်လည်း လက်ခံလိုက်ရ၏ ။

"ဒီ အရိုးခြောက်က သာမာန် မဟုတ်ဘူးမလား" ခနတာ တိတ်နေပြီး အသံ ခြောက်ကပ်စွာနှင့် ဖေးယန်ဘို မေးလာလျှင် စုပင်း သူ့သားရဲ၏ အချက်အလက်အား ထုတ်မပြလို၍ အကြည့်တစ်ချက်သာ ကြည့်လိုက်ကာ  ပြန်ဖြေခြင်းတော့ မရှိပေ။

ဖေးယန်ဘိုလည်း သူ၏ မေးခွန်းမှာ မလိုအပ်သည့် မေးခွန်းဖြစ်ကြောင်း သတိထားမိ၍ မြေပေါ်တွင် တုန်ရီကာ သွေးထွက်နေသော အသူတရာချောက်နက်မြွေအား သားရဲနေရာသို့ ပြန်ဝင်ခိုင်းကာ ဘာအစွမ်းမျှ ထုတ်ကာ မသုံးခဲ့ရသော်လည်း နိုင်ရန် အကြောင်းမရှိကြောင်း နားလည်သွား၏ ။

အသူတရာချောက်နက်မြွေ မရှိတော့သည်နှင့် အန္တရာယ် အငွေ့အသက် မရှိတော့ခြင်းကြောင့် အကာအကွယ် အတားအစီး ပျောက်ကွယ်သွားလျှင် စုပင်း စင်ပေါ်မှ ပျံသန်းထွက်သွားလိုက်သည်။

စင်ပေါ်မှ ထွက်သွားသည့် စုပင်းအား ဖေးယန်ဘို လက်မခံနိုင်ခြင်း ၊ ခါးသည်းခြင်း ၊ မနာလိုခြင်း ခံစားချက် မျိုးစုံနှင့် ကြည့်နေကာ လူများ ပြောလေ့ရှိသည့် နောက်ကျမှ နိုးထသူများ ကြောက်မက်ဖွယ် ကောင်းသည့်အကြောင်း ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရ၍ လက်ခံသွား၏ ။

စုပင်း စင်မှ ပျံသန်းသွားလျှင် အသူတရာချောက်နက်မြွေအား အနိုင်ယူခဲ့သည့် အံ့ဩခြင်းမှ ရုန်းမထွက်နိုင်ပဲ ရှိနေသော ယီဟို ကြည့်ပြီး ပါးစပ်ဟကာ အံ့ဩမကုန်နိုင် ဖြစ်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now