အခန်း ၁၁၃ ဆန်းကြယ်သော နယ်မြေ

801 79 0
                                    

အခန်း ၁၁၃ ဆန်းကြယ်သော နယ်မြေ
ဘာသာပြန်.Soul

ကျောင်းသားများ စုပင်းအကြောင်း ပြောနေကြချိန် စုပင်းမှာ ဒေါင်မင်းဆောင်း ရုံးခန်းတွင် နှုတ်ဆက်နေ၏။

"ဘာတွေ လောနေတာလဲ" စုပင်း လက်ချာချိန် ပြီးသည်နှင့် ချက်ချင်း ပြန်ရန် ပြောလာခြင်းကြောင့် ဒေါင်မင်းဆောင်း အံ့ဩစွာ မေးမိလိုက်သည်။ "ဆိုင်ကို သွားကြည့်ရဦးမယ်လေ" သားရဲများအား ကိုယ်ပွားနှင့် လေ့ကျင့်ပေး၍ ရသော်လည်း သားရဲ အသုတ်ခွဲပေးရန် လိုအပ်ခြင်းကြောင့် စုပင်း ဆိုင်အမြန်ပြန်ရန် စိုင်းပြင်းနေခြင်းပင်။

ထိုအခါ​မှ ဒေါင်မင်းဆောင်း လေသစ်သီးအကြောင်း သတိရသွားခဲ့ကာ "အခုမှ သတိရတယ် ။ သားရဲတွေ လေ့ကျင့်ပေးတယ်ဆိုတာ ။ ကျတော့ သားရဲကိုရော လေ့ကျင့်ပေးလို့ရမလား ။ ကြိုက်စျေးပြောပါ" မျက်လုံးများ အရောင်လက်ကာ ပြောလိုက်၏ ။

"အဆင့်မြင့် သားရဲတွေ လက်မခံသေးဘူး" ဒေါင်မင်းဆောင်း၏ သားရဲများမှ အဆင့်မြင့် သားရဲများ ဖြစ်ရမည်ဟု ခန့်မှန်းမိ၍ စုပင်း ငြင်းလိုက်၏ ။

ဒေါင်မင်းဆောင်းမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း စုပင်းနောက်မှ လေ့ကျင့်သူသည် ဒဏ်ရာ မသက်သာသေး၍ အင်အားကြီးသော သားရဲစစ်သည်များနှင့် မပက်သက်သေးပဲ လက်ရှောင်ထားကြောင်း တွေးမိကာ စိတ်သက်သာသွား၏ ။

"ပြဿနာ မရှိပါဘူး ။ နောင်ကျ လေ့ကျင့်ပေးနိုင်ရင် အသိပေးပါ ။ စောင့်နေမယ် ။ ကြိုတင် နေရာယူထားတယ်လို့ သတ်မှတ်လိုက် ။ ပထမဆုံး အကြောင်းကြားဖို့ မမေ့နဲ့ဦး" ဒေါင်မင်းဆောင်း ရင်ထဲ သက်ပြင်းချကာ နားလည်စွာနှင့် ပြောလိုက်၏ ။

ဒေါင်မင်းဆောင်း စကားမှာ စနစ်၏ ဥပဒေအား နားလည်သကဲ့သို့ ပြောနေ၍ စုပင်း ထူးဆန်းသော အကြည့်နှင့် ကြည့်လိုက်ပြီး နှုတ်ဆက်ကာ ထွက်သွားလိုက်၏ ။

ဖန်းရန်းကျင်း လိုက်ပို့ပေးပြီး စုပင်း အောက်ရောက်လျှင် စက်ဘီးသော့ဖွင့်ကာ ဖန်းရန်းကျင်းအား နှုတ်ဆက်ပြီး လာရာလမ်းအတိုင်း ပြန်လျှင် အပေါက်ဝမှ အစောင့်များ သူ့အား သိနေ၍ မတားတော့ပေ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now