အခန်း ၁၀ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း (၂)

886 128 0
                                    

အခန်း ၁၀ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း (၂)

ဘာသာပြန်. SOUL

"ဒါ နဂါးခွေးပဲ"

"တတိယတန်း အခန်း ၇ က ဇန်းရှုံ က အံ့ဩစရာ ကောင်းလောက်အောင် နဂါးခွေးကို သူ့ရဲ့ ပထမဆုံး သားရဲအနေနဲ့ ထုတ်လိုက်တာ ဖြစ်ပါတယ် ။ နဂါးခွေးကတော့ နဂါးမျိုးနွယ်သွေးဆက် ဖြစ်လို့ အလွယ်တကူ ယဥ်ပါးအောင် လုပ်လို့မရတဲ့ အမျိုးအစားပါ"တင်ဆက်သူမှ ကြေညာလိုက်၏ ။

"ဒီသားရဲဟာဆိုရင်ဖြင့် အရွယ်ရောက်လာခဲ့ရင် အဆင့် ၃ ရဲ့ အဆင့်မြင့်အထိကို ရောက်နိုင်တာကြောင့် အခုလို ပွဲစကတည်းမှာပဲ ထုတ်တယ်ဆိုတော့ ပြိုင်ဘက်ကို  ၃ : ၀ နဲ့ ပဲဖြတ်ချင်လို့များလား"တင်ဆက်သူ ဆက်ကြေညာနေ၏ ။

တင်ဆက်သူမှာ ဇန်းရှုံမှ နဂါးခွေးအား အရင်ဆုံး ထုတ်လိုက်ခြင်းကြောင့် အဆင့်နိမ့် လျှပ်စီးကြွက်အား အလွန်ပင် ကြင်နာခြင်း ကင်းမဲ့သကဲ့သို့ တွေးလိုက်၏ ။

ဆုယန်ယင်းသည် ဇန်းရှုံ၏ သားရဲအား မြင်လျှင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့၏။နဂါးခွေးမှာ နဂါးမျိုးနွယ်ဖြစ်၍ ရက်စက်သည့်အပြင် ငရဲနဂါးဟူသော သားရဲဘုရင် မျိုးစုမှ ဆင်းသက်လာကြောင်း သတိရမိကာ အဆင့်နိမ့် သားရဲများအား အလွန် အကျိုးသက်ရောက်သော နဂါးဟိန်းသံနှင့် တူသော မီးဟိန်းသံအား အသုံးပြုနိင်ကြောင်းလည်း သတိရမိလိုက်သည် ။

ဆုယန်ယင်းစိတ်ထဲတွင် သူမ လျှပ်စီးကြွက်အား အသုံးပြုမည်ကို ဇန်းရှုံ သိ၍ နာမည်ပျက်အောင် ထို နဂါးခွေးအား အသုံးပြုခြင်း ဖြစ်နိုင်မည်ဟု စဥ်းစားမိ၏ ။

သို့သော် ဆုယန်ယင်း လက်သီးဆုပ်ကာ အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူလိုက်ပြီး လျှပ်စီးကြွက်အား သုံး၍ ဇန်းရှုံ၏ ဝှက်ဖဲအား သိရရန် လုပ်ရန်သာ ရှိတော့သည် ။

သူမ ပြိုင်ဘက်မှ အထင်သေးခြင်းသည် လျှက်စီးကြွက်အတွက် တိုက်ပွဲ တစ်ဝက်စာ နိုင်ထားပြီ ဟုလည်း  တွေးလိုက်မိ၏ ။

"ဂါးးးး"
ရုတ်တရက် နဂါးအော်သံများ ထွက်လာ၏ ။

နဂါးခွေး၏ဟိန်းသံမှာ ပြိုင်ပွဲကွင်း တစ်ခုလုံး လွှမ်းခြုံသွား၏ ။ နဂါးခွေးမှာ ၃ မီတာခန့် မြင့်ပြီး ကျားနှင့် ခြ​သေ့များထက် ကြီးကာ တောင့်တင်းကာ မြင်သည်နှင့် ရှိန်စရာ ကောင်းလှ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now